အိန္ဒိယ-မြန်မာနယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူ ၈ ဦးကိုလက်နက်များနှင့်အတူ ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူ ၈ ဦးကိုလက်နက်များနှင့်အတူ ဖမ်းမိ
by -
ခိုနူမ်းထုန်
အိန္ဒိယ-မြန်မာနယ်စပ် ကုလားတန်မြစ်နဘေးတွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသော လူ ၈ ဦးကို လက််နက်များနှင့်အတူ မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ယခုလ ၈ ရက်နေ့က ဖမ်းဆီးရမိသည်ဟု မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့သည် ယခုရက်ပိုင်းအတွင်း ပူးတွဲစစ်စင်ရေးပြုလုပ်ရာတွင် ဆိုင်ဟားခရိုင် Lomasu ကျေးရွာမှ ၅ ကီလိုမီတာအကွာ ကုလားတန်မြစ်ဘေးတွင် စခန်းချနေထိုင်ကြသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ ၈ ဦးကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဒေသတဝိုက်သည် ရခိုင်လွတ်မြောက်ရေးတပ်မတော် Arakan Liberation Army(ALA) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ ခြေကုပ်ယူလှုပ်ရှားသည့်နေရာဖြစ်ပြီး ယခုအဖမ်းခံရသော လူ ၈ ဦးသည်လည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

သို့သော်လည်း မီဇိုရမ်ရဲတပ်ဖွဲ့ကတော့ ALA တပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ယူဆထားကြပြီး ၎င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုထောင်သို့ပို့ဆောင် မည်ဟု မီဇိုရမ်သတင်းစာတွင်ရေးသားချက်အရသိရသည်။

အဖမ်းခံရသည့်ပုဂ္ဂိုလ်များမှာ ခိုင်မင်းဇော်ထွန်း၊ ခိုင်မျိူးနိုင်၊ ခိုင်ရန်၊ ခိုင်မျိူးထူး၊ ခိုင်မင်း၊ ခိုင်ရဲမင်း၊ ခိုင်မျိူးလွင် နှင့် ခိုင်သီဟဇော်တို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် လက်နက်များမှာ Lathode Grenade Launcher-1no., 7.62mm Assault Riffle-1no., 5.56mm M16 Riffle-1no., M11 Assault Riffle-1no., G-3 Riffle-1no.,  Lathod Grenade-10 nos., 5.56mm M16 Ammunition-237rds, 7.62mm AK56 Ammunition-176rds, Hand Grenade (Chinese)-2nos, Binocular (Bushnell)-1no., Hand Held Radio Set-2nos., M16 Riffle Magazine-5nos.,  AK56 Magazine-2nos., G-3 Riffle Ammunition-92 rds, G-3 Riffle Magazine-3rds ,M-11 Magazine-2nos တို့ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP သည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့်လက်နက်ကိုင်တပ်ဖွဲဲ့ဖြစ်ပြီး ရက္ခိုင့်တပ်မတော် AA သည် အစိုးရနှင့်ငြိမ်းချမ်းရေးရယူခြင်းမရှိသေးသည့် တပ်ဖွဲ့ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...