အဆိုပါ အထောက်အပ့ံကို Chin Emergency Relief Committee (delhi) နှင့် Mizo Students Union (MSU) တို့မှ အလှူခံရရှိထားခြင်းဖြစ်ပြီး Aizawl – Champhai မြို့အကြား Chawngtlai ( Mizoram) ရွာမှ ၈ ကီလိုမီတာ အကွာတွင် တိမ်းမှောက်ပြီး ကားလမ်းအောက် ပေ ၁၀၀ အထိ လိမ့်ဆင်းသွားကာ ဆန်အိတ် ၁၀၀ ခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ကားပေါ်တွင် ကားမောင်းဒရိုင်ဘာ နှင့် စပယ်ယာ နှစ်ဦးသာ ပါရှိခဲ့ရာ ဒါဏ်ရာ ရရှိသွားကြောင်း၊ ၎င်းတို့အား Khawzawl Civil Hospital တွင် ထားရှိခဲ့ကြပြီး စားကုန်များကိုမူ ဒေသခံ Chawngtlai YMA နဲ့ ကျေးရွာ ကောင်စီဝင်များ ဦးဆောင်မှုဖြင့် Phaiveng YMA Hall တွင် သိမ်းဆည်းထားကြောင်း Mizo Special Report က ဆိုသည်။
ကုန်တင်ယာဉ်ဖြင့် တင်ဆောင်လာသည့် အဆိုပါ စားကုန်ပစ္စည်းများသည် ဟားခါး ရေဘေးသင့် ပြည်သူများအတွက် Aizawl – Champhai – Farkawn – Victoria Camp/CNA – Thantlang လမ်းကြောင်းမှ ဟားခါးသို့ တင်ပို့မည့် စားကုန်များဖြစ်ကြောင်း သိရသည်။







