ရေဘေးသင့်ပြည်သူအတွက် စားကုန်တင် ထရပ်ကား တိမ်းမှောက်

ရေဘေးသင့်ပြည်သူအတွက် စားကုန်တင် ထရပ်ကား တိမ်းမှောက်
by -
ခိုနူမ်းထုန်
သြဂုတ်လ ၁၉ ရက်နေ့၊ အိန္ဒိယ စံတော်ချိန် မွန်းလွဲ ၂ း ၃၀ ခန့် (မြန်မာစံတော်ချိန် ၃း ၃၀ ခန့်) က မီဇိုရမ်မှ ရေဘေးသင့်ချင်းပြည်သူများ အတွက် ဆန်အိတ် ၂၅၀ နှင့် စားကုန်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ထရပ်ကားကြီး တစ်စီး တိမ်းမှောက်သွားခဲ့သည်။

အဆိုပါ အထောက်အပ့ံကို Chin Emergency Relief Committee (delhi) နှင့် Mizo Students Union (MSU) တို့မှ အလှူခံရရှိထားခြင်းဖြစ်ပြီး Aizawl – Champhai မြို့အကြား Chawngtlai ( Mizoram) ရွာမှ ၈ ကီလိုမီတာ အကွာတွင် တိမ်းမှောက်ပြီး ကားလမ်းအောက် ပေ ၁၀၀ အထိ လိမ့်ဆင်းသွားကာ ဆန်အိတ် ၁၀၀ ခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ကားပေါ်တွင် ကားမောင်းဒရိုင်ဘာ နှင့် စပယ်ယာ နှစ်ဦးသာ ပါရှိခဲ့ရာ ဒါဏ်ရာ ရရှိသွားကြောင်း၊ ၎င်းတို့အား Khawzawl Civil Hospital တွင် ထားရှိခဲ့ကြပြီး စားကုန်များကိုမူ ဒေသခံ Chawngtlai YMA နဲ့ ကျေးရွာ ကောင်စီဝင်များ ဦးဆောင်မှုဖြင့် Phaiveng YMA Hall တွင် သိမ်းဆည်းထားကြောင်း Mizo Special Report က ဆိုသည်။

ကုန်တင်ယာဉ်ဖြင့် တင်ဆောင်လာသည့် အဆိုပါ စားကုန်ပစ္စည်းများသည် ဟားခါး ရေဘေးသင့် ပြည်သူများအတွက် Aizawl – Champhai – Farkawn – Victoria Camp/CNA – Thantlang လမ်းကြောင်းမှ ဟားခါးသို့ တင်ပို့မည့် စားကုန်များဖြစ်ကြောင်း သိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...