ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပဏာမရွေးချယ်

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပဏာမရွေးချယ်
by -
္ဓ္ဓ္ဓခိုနူမ်းထုန်
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်(ZCD)ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပဏာမရွေးချယ် ထားလိုက်ပြီဟု သိရသည်။

ချင်းပြည်နယ် တီးတိန်မြို့ ZCD ပါတီရုံးချုပ်၌ ယမန်နေ့က ကျင်းပသော ပါတီညီလာခံတွင် မြို့နယ် အသီးသီးမှ ပါတီကိုယ်စားလှယ်များက လာမည့် ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်ဟု ZCD ပါတီမှ ပြောခွင့်ရ ပူး Anthony Kap Khan Khual က ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်အတည်ပြုတဲ့အဆင့်တော့ မဟုတ်သေးဘူး။ မြို့နယ် အသီးသီးက Nominate (လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အဲဒါတွေ အားလုံးကို ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြန်လည်စီစစ်ပြီး ဒီလမကုန်ခင် ရွေးချယ်အတည်ပြုသွားမှာပါ’’ဟု ပူး Anthony က ပြောသည်။

ပူးကျင့်ရှင်းထန်ဦးဆောင်သော ZCD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ကလေး၊ တမူးမြို့ နယ်စသည့် မဲဆန္ဒနယ်မြေ စုစုပေါင်းအနည်း ဆုံး ၁၅ နေရာ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုလက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသည် စာရင်းများမှာ တီးတိန်တွင် ၈ ဦး၊ တွန်းဇံတွင် ၉ ဦး၊ ကလေးမြို့တွင် ၃ ဦး၊ ဟားခါးတွင် ၁ ဦး စုစုပေါင်း  ၂၀ ဦး ရှိသည်ဟု သိရသည်။

၁၉၉၀ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သော ZCD ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်သည် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

 မြို့နယ်ပါတီအသီးသီးမှ တင်သွင်းသော လွှတ်တော်လှယ်လောင်းများ၏ အမည်စာရင်းများမှာ-

ကလေးမြို့
1. Pu Gin Sian Kham
2. Pu Kap Khan Khual
3. Pu Ngul Do Tuang

ဟားခါး
1. Pu Khup San Thang

တီးတိန်
1. Pu Chin Sian Thang
2. Pu Gin Kam Lian
3. Pu Ngin Thang
4. Pu Thang Deih Khup
5. Pi Kam Khan Dim
6. Pi Ciin Do Niang
7.Pu Zam Za Mung leh Pu Nung Sian Tuang

တွန်းဇံ
1. Pu Do Khan Lian
2. Pu Pau Lun Min Thang
3. Pu Cin Suan Mang
4. Pu Mung Lan Thang
5. Pu Langh Kap Thang
6. Pi Cing Ngaih Mang
7. Pu Kham Khan Thang
8. Pu H Vum Za Nang
9. Pu Thang Za Mang

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...