ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပဏာမရွေးချယ်

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပဏာမရွေးချယ်
by -
္ဓ္ဓ္ဓခိုနူမ်းထုန်
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်(ZCD)ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပဏာမရွေးချယ် ထားလိုက်ပြီဟု သိရသည်။

ချင်းပြည်နယ် တီးတိန်မြို့ ZCD ပါတီရုံးချုပ်၌ ယမန်နေ့က ကျင်းပသော ပါတီညီလာခံတွင် မြို့နယ် အသီးသီးမှ ပါတီကိုယ်စားလှယ်များက လာမည့် ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်ဟု ZCD ပါတီမှ ပြောခွင့်ရ ပူး Anthony Kap Khan Khual က ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်အတည်ပြုတဲ့အဆင့်တော့ မဟုတ်သေးဘူး။ မြို့နယ် အသီးသီးက Nominate (လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အဲဒါတွေ အားလုံးကို ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြန်လည်စီစစ်ပြီး ဒီလမကုန်ခင် ရွေးချယ်အတည်ပြုသွားမှာပါ’’ဟု ပူး Anthony က ပြောသည်။

ပူးကျင့်ရှင်းထန်ဦးဆောင်သော ZCD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ကလေး၊ တမူးမြို့ နယ်စသည့် မဲဆန္ဒနယ်မြေ စုစုပေါင်းအနည်း ဆုံး ၁၅ နေရာ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုလက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသည် စာရင်းများမှာ တီးတိန်တွင် ၈ ဦး၊ တွန်းဇံတွင် ၉ ဦး၊ ကလေးမြို့တွင် ၃ ဦး၊ ဟားခါးတွင် ၁ ဦး စုစုပေါင်း  ၂၀ ဦး ရှိသည်ဟု သိရသည်။

၁၉၉၀ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သော ZCD ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်သည် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

 မြို့နယ်ပါတီအသီးသီးမှ တင်သွင်းသော လွှတ်တော်လှယ်လောင်းများ၏ အမည်စာရင်းများမှာ-

ကလေးမြို့
1. Pu Gin Sian Kham
2. Pu Kap Khan Khual
3. Pu Ngul Do Tuang

ဟားခါး
1. Pu Khup San Thang

တီးတိန်
1. Pu Chin Sian Thang
2. Pu Gin Kam Lian
3. Pu Ngin Thang
4. Pu Thang Deih Khup
5. Pi Kam Khan Dim
6. Pi Ciin Do Niang
7.Pu Zam Za Mung leh Pu Nung Sian Tuang

တွန်းဇံ
1. Pu Do Khan Lian
2. Pu Pau Lun Min Thang
3. Pu Cin Suan Mang
4. Pu Mung Lan Thang
5. Pu Langh Kap Thang
6. Pi Cing Ngaih Mang
7. Pu Kham Khan Thang
8. Pu H Vum Za Nang
9. Pu Thang Za Mang

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...