အဓိက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“လုံခြံုရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အမ်းဘက်ကို ခရီးသွားနေတယ်လို့ သိရပါတယ်။ ဒီနေ့ သူပြန် ရောက်လာရင် မနက်ဖန် (သြဂုတ် ၆) လောက်တော့ တွေ့ဖြစ်ပါလိမ့်မယ်”ဟု ခိုင်အောင်စိုးသန်းက ပြောသည်။
မောင်တောဒေသတွင် ဖြစ်ပွားနေသည့် ဒေသခံ ရခိုင်ပြည်သူများ မလုံခြံုမှုများ ဖြစ်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးလို၍ ကမ်းလှမ်းထားခြင်း ဖြစ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေဖြင့် မည်သည့်အခန်းကဏ္ဍက ပူးပေါင်း ပါ၀င်ဆောင်ရွက်ရမည်ကို ဆွေးနွေးသွားမည်ဟု ဆိုသည်။
“ဒီလုံခြံုရေးကဏ္ဍကို ကျနော်တို့အနေအနဲ့ ဘယ်လိုပုံစံမျိုးကူညီရမလဲ။ ပူးပေါင်းပြီးတော့ ကူညီရမယ်ဆိုရင်လည်း ကျနော်တို့ဘက်က ပူးပေါင်းပြီးတော့ ကူညီသွားမယ်။ အဓိကကတော့ ကျနော်တို့ ဒေသခံတွေ လုံခြံုမှုရှိဖို့ လိုအပ်ပါတယ်”ဟု ခိုင်အောင်စိုးသန်းက ပြောသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးမည်မှာ လုံခြံုရေးကို ပြည်နယ်အစိုးရအနေဖြင့် တာဝန်မယူနိုင်၍ မဟုတ်ဘဲ ALP ဘက်က ကူညီဆောင်ရွက်ပေးလို၍ ကမ်းလှမ်းရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ALP မှ တာဝန်ရှိသူများအနေဖြင့် လွန်ခဲ့သည့် တစ်ပတ်ကျော်ကလည်း ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်ဟု သိရသည်။







