ငြိမ်းချမ်းရေးယူထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP လုံခြံုရေးကိစ္စဆွေးနွေးရန် ပြည်နယ်အစိုးရကို ကမ်းလှမ်း

ငြိမ်းချမ်းရေးယူထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP လုံခြံုရေးကိစ္စဆွေးနွေးရန် ပြည်နယ်အစိုးရကို ကမ်းလှမ်း
by -
နိရဥ္စရာ
အစိုးရနှင့် ပြည်နယ်အဆင့် NCA ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)မှ လက်ရှိ ဖြစ်ပေါ်နေသည့် မောင်တောဒေသနှင့် မယူကမ်းဒေသလုံခြံုရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ရခိုင်ပြည်နယ်အစိုးရအား ကမ်းလှမ်းထားသည်ဟု သတင်းရရှိသည်။

အဓိက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“လုံခြံုရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အမ်းဘက်ကို ခရီးသွားနေတယ်လို့ သိရပါတယ်။ ဒီနေ့ သူပြန် ရောက်လာရင် မနက်ဖန် (သြဂုတ် ၆) လောက်တော့ တွေ့ဖြစ်ပါလိမ့်မယ်”ဟု ခိုင်အောင်စိုးသန်းက ပြောသည်။

မောင်တောဒေသတွင် ဖြစ်ပွားနေသည့် ဒေသခံ ရခိုင်ပြည်သူများ မလုံခြံုမှုများ ဖြစ်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးလို၍ ကမ်းလှမ်းထားခြင်း ဖြစ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေဖြင့် မည်သည့်အခန်းကဏ္ဍက ပူးပေါင်း ပါ၀င်ဆောင်ရွက်ရမည်ကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

“ဒီလုံခြံုရေးကဏ္ဍကို ကျနော်တို့အနေအနဲ့ ဘယ်လိုပုံစံမျိုးကူညီရမလဲ။ ပူးပေါင်းပြီးတော့ ကူညီရမယ်ဆိုရင်လည်း ကျနော်တို့ဘက်က ပူးပေါင်းပြီးတော့ ကူညီသွားမယ်။ အဓိကကတော့ ကျနော်တို့ ဒေသခံတွေ လုံခြံုမှုရှိဖို့ လိုအပ်ပါတယ်”ဟု ခိုင်အောင်စိုးသန်းက ပြောသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမည်မှာ လုံခြံုရေးကို ပြည်နယ်အစိုးရအနေဖြင့် တာဝန်မယူနိုင်၍ မဟုတ်ဘဲ ALP ဘက်က ကူညီဆောင်ရွက်ပေးလို၍ ကမ်းလှမ်းရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ALP မှ တာဝန်ရှိသူများအနေဖြင့် လွန်ခဲ့သည့် တစ်ပတ်ကျော်ကလည်း ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...