စက်လှေနစ်၍ တောင်ဘဇားရဲစခန်းမှ နယ်မြေမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံး

စက်လှေနစ်၍ တောင်ဘဇားရဲစခန်းမှ နယ်မြေမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ဘဇား နယ်ခြားစောင့် စခန်းမှ နယ်မြေမှူး အပါအဝင်တပ်ဖွဲ့ဝင် ၄ ဦးမှာ စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့်သူများမှာ နယ်မြေမှူး ရဲမှူးရဲဇော်ထွဋ်၊ တပ်ကြပ်ခင်မောင်သန်း၊တပ်ကြပ် ကိုကိုအောင်၊ ဒုတပ်ကြပ် ထွန်းလင်းထိုက်တို့ ဖြစ်ကြောင်း တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက နိရဥ္စရာ သတင်းဌာသို့ပြောသည်။
.
ဇူလိူင် ၂၃ ရက်နေ့ ည ၂၁ နာရီ ၅၀ မိနစ်တွင် ကျောင်းတောကျေးရွာမှ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး စက်လှေနှင့် ပြန်အလာတွင် တောင်ဘဇား စခန်းမှ ၈ မိုင်ခန့် အကွာတွင် စက်လှေနစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

“ စက်လှေနစ်တာက ချောင်းရေက အရမ်းပြင်းနေတဲ့ အတွက် နစ်သွားတာပါ။ တောင်ဘဇားစခန်းက ရှစ်မိုင်ခန့် အကွာ၊ ပဲသဒူ တိုင်းရင်သားကျေးရွာအနီး ကုလားတောပန်းဇင်းချောင်းမှာ နစ်သွားတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။

စက်လှေပေါ်တွင် တပ်ဖွဲ့ဝင် ခုနှစ်ပါရှိပြီး သုံးဦးသာစခန်းသို့ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

ယခုအခါ ပျောက်ဆုံးသူများကို ရှာဖွေနေကြောင်း သတင်းရရှိသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...