စက်လှေနစ်၍ တောင်ဘဇားရဲစခန်းမှ နယ်မြေမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံး

စက်လှေနစ်၍ တောင်ဘဇားရဲစခန်းမှ နယ်မြေမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ဘဇား နယ်ခြားစောင့် စခန်းမှ နယ်မြေမှူး အပါအဝင်တပ်ဖွဲ့ဝင် ၄ ဦးမှာ စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့်သူများမှာ နယ်မြေမှူး ရဲမှူးရဲဇော်ထွဋ်၊ တပ်ကြပ်ခင်မောင်သန်း၊တပ်ကြပ် ကိုကိုအောင်၊ ဒုတပ်ကြပ် ထွန်းလင်းထိုက်တို့ ဖြစ်ကြောင်း တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက နိရဥ္စရာ သတင်းဌာသို့ပြောသည်။
.
ဇူလိူင် ၂၃ ရက်နေ့ ည ၂၁ နာရီ ၅၀ မိနစ်တွင် ကျောင်းတောကျေးရွာမှ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး စက်လှေနှင့် ပြန်အလာတွင် တောင်ဘဇား စခန်းမှ ၈ မိုင်ခန့် အကွာတွင် စက်လှေနစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

“ စက်လှေနစ်တာက ချောင်းရေက အရမ်းပြင်းနေတဲ့ အတွက် နစ်သွားတာပါ။ တောင်ဘဇားစခန်းက ရှစ်မိုင်ခန့် အကွာ၊ ပဲသဒူ တိုင်းရင်သားကျေးရွာအနီး ကုလားတောပန်းဇင်းချောင်းမှာ နစ်သွားတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။

စက်လှေပေါ်တွင် တပ်ဖွဲ့ဝင် ခုနှစ်ပါရှိပြီး သုံးဦးသာစခန်းသို့ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

ယခုအခါ ပျောက်ဆုံးသူများကို ရှာဖွေနေကြောင်း သတင်းရရှိသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...