ဂွမြိ်ု့နယ်လျှပ်စစ်မီး ၂၄ နာရီရရှိခြင်းနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်

ဂွမြိ်ု့နယ်လျှပ်စစ်မီး ၂၄ နာရီရရှိခြင်းနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်
by -
မာန်ယုကျော်
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏မွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိခြင်းနှင့် လျှပ်စစ်မီးရရှိသည့် ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၂၂ ရက်နေ့နံနက် ၁၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

လျှပ်စစ်မီးရရှိသည့် အခမ်းအနားကို ဇူလိူင် ၂၂ ရက်နေ့ နံနက်က ဂွမြို့ရှိ ၆၆ ကေဗွီ အသုတ်- ဂွဓာတ်အားလိုင်း စက်ရုံဝင်းအတွင်း ကျင်းပရာ ၎င်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမန်းဂျော်နီနှင့် ဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း အသုတ်နှင့် ဂွမဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီကို ဂွမြို့ပေါ်တစ်ခုလုံးအပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇာတိရွာဖြစ်သည့် ရဟိုင်ကွင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၉ ရွာ ရရှိနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

"၆ လပိုင်း ၃ဝ ရက်နေ့ မနက်ပိုင်းကနေ ထုတ်လွှတ်ပေးနေတာပါ။ မီးမရသေးတဲ့ တခြားကျေးရွာတွေလည်း ရှိသေးတယ်ပေါ့နော်။ သူတို့တွေကို သံတွဲခရိုင် Master Plan ပေါ့နော်။ သံတွဲခရိုင် Master Plan ကနေပြီးတော့ ၂ဝ၂၂- ၂ဝ၂၃ (၅)နှစ်စာ ယာယီဆွဲပြီးတော့ မီးထပ်ပေးဖို့ရှိပါတယ်။"ဟု ဂွမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇင်မင်းက နိရဥ္စရာသို့ အတည်ပြု ပြောသည်။

ဂွမြို့အပြင် ကျေးရွာပေါင်း ၁၉ ရွာကို ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဗို့အားရှိ ဓာတ်အားခွဲရုံဖြင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနေခြင်းဖြစ်ပြီး ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ပြုလုပ်ခဲခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ဘက်ပိုင်း အစွန်ဆုံးတွင်တည်ရှိသည့် ဂွမြို့နယ်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ယခုကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီရရှိလာခြင်းလည်းဖြစ်သည်။

မြို့နယ် ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်၏မြို့နယ်အများစုတွင် ၂ဝ၁၄ ခုနှစ် နောက်ပိုုင်းကနေ မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီ ဖြစ်သည်။

သို့သော် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံနှင့် မာန်အောင်မြို့နယ် များတွင် ရရှိနိုင်ခြင်းမရှိသေးဟုလည်း သိရသည်။
ယင်းအနက် မောင်တောဒေသသည် လုံခြံုရေး အခြေအနေအရ လျှပ်စစ်မီး ၂၄ နာရီရရှိရန် အရေးတကြီးလိုနေသည်ဟုလည်း မောင်တောဒေသခံ များက ပြောသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...