နယ်ခြားစောင့်ရဲဌာနချုပ်မှ လက်နက် ၆၀ ကျော်ပါသွားသည့်အထဲမှ ၂၇ လက်သာ ပြန်လည်သိမ်းဆည်းရမိသေးသည်ဟုဆို

နယ်ခြားစောင့်ရဲဌာနချုပ်မှ လက်နက် ၆၀ ကျော်ပါသွားသည့်အထဲမှ ၂၇ လက်သာ ပြန်လည်သိမ်းဆည်းရမိသေးသည်ဟုဆို
by -
နိရဥ္စရာ
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) လက်နက်တိုက်မှ အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက် ၆၀ ကျော်အထဲမှ လက်နက် ၂၇ လက်ကိုသာ ပြန်လည်သိမ်းဆည်းရမိသေးသည်ဟု အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ကွပ်ကဲရေးမှူး သူရစန်းလွှင်က ပြောသည်။

အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်သို့ တတိယ အကြိမ်မြောက် မြေပြင်သို့ ကွင်းဆင်းလေ့လာသည့် ပြည်ပ သတင်းမီဒီယာအဖွဲ့နှင့် ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ် သူရစန်းလွှင်ကထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပါသွားတဲ့ လက်နက်က ၆၅ လက် ဖြစ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က ဘူးသီးတောင် မြို့နယ် တင်းမေက တစ်လက် ပြန်ရတယ်။ စုစုပေါင်း ၂၇ ရက် ရပါပြီ။ နောက်ထပ် ကျန်နေတဲ့ လက်နက်ကတော့ ၃၈ လက်ကျန်ရှိနေပါသေးတယ်” ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ ညဥ့်အချိန်အတွင်း နယ်ခြားစောင့် ဌာနချုပ် (ကျီးကန်းပြင်) ကို အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်တိုက်မှ လက်နက်စုစုပေါင်း ၆၅ လက်နှင့် ကျည်(၂)သောင်းကျော် အကြမ်းဖက်သမားများမှ ယူဆောင်သွားခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...