နယ်ခြားစောင့်ရဲဌာနချုပ်မှ လက်နက် ၆၀ ကျော်ပါသွားသည့်အထဲမှ ၂၇ လက်သာ ပြန်လည်သိမ်းဆည်းရမိသေးသည်ဟုဆို

နယ်ခြားစောင့်ရဲဌာနချုပ်မှ လက်နက် ၆၀ ကျော်ပါသွားသည့်အထဲမှ ၂၇ လက်သာ ပြန်လည်သိမ်းဆည်းရမိသေးသည်ဟုဆို
by -
နိရဥ္စရာ
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) လက်နက်တိုက်မှ အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက် ၆၀ ကျော်အထဲမှ လက်နက် ၂၇ လက်ကိုသာ ပြန်လည်သိမ်းဆည်းရမိသေးသည်ဟု အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ကွပ်ကဲရေးမှူး သူရစန်းလွှင်က ပြောသည်။

အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်သို့ တတိယ အကြိမ်မြောက် မြေပြင်သို့ ကွင်းဆင်းလေ့လာသည့် ပြည်ပ သတင်းမီဒီယာအဖွဲ့နှင့် ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ် သူရစန်းလွှင်ကထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပါသွားတဲ့ လက်နက်က ၆၅ လက် ဖြစ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က ဘူးသီးတောင် မြို့နယ် တင်းမေက တစ်လက် ပြန်ရတယ်။ စုစုပေါင်း ၂၇ ရက် ရပါပြီ။ နောက်ထပ် ကျန်နေတဲ့ လက်နက်ကတော့ ၃၈ လက်ကျန်ရှိနေပါသေးတယ်” ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ ညဥ့်အချိန်အတွင်း နယ်ခြားစောင့် ဌာနချုပ် (ကျီးကန်းပြင်) ကို အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်တိုက်မှ လက်နက်စုစုပေါင်း ၆၅ လက်နှင့် ကျည်(၂)သောင်းကျော် အကြမ်းဖက်သမားများမှ ယူဆောင်သွားခဲ့သည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...