ဇူလိူင် ၁၁ ရက်နေ့ ပြန်လည်စတင်မည့် ရခိုင်ပြည်နယ်လွတ်တော်တွင် နယ်လုံဝန်ကြီးသစ် ဖြစ်လာမည့် ဗိုလ်မှူးကြီးဖုန်းတင့် ကျမ်းကျိန်မည်

ဇူလိူင် ၁၁ ရက်နေ့ ပြန်လည်စတင်မည့် ရခိုင်ပြည်နယ်လွတ်တော်တွင် နယ်လုံဝန်ကြီးသစ် ဖြစ်လာမည့် ဗိုလ်မှူးကြီးဖုန်းတင့် ကျမ်းကျိန်မည်
by -
နိရဥ္စရာ
ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ရခိုင်ပြည်နယ်လွှတ်တော် ပဥ္စမအကြိမ် ပုံမှန်အစည်းအဝေးတွင် နယ်လုံဝန်ကြီးဖြစ်လာမည့် ဗိုလ်မှူးကြီးဖုန်းတင့် (ကြည်း ၂၂၆၆၆) သည် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ မနက်ဖြန် ရခိုင်ပြည်နယ် ပဥ္စမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ နေရာမှာ အစားထိုးပြောင်းလဲ ခန့်အပ်ထားတဲ့ ဗိုလ်မှူးကြီး ဖုန်းတင့်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြားသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးမှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် လွှတ်တော်တွင် အဆိုတင်သွင်းရမည် ဖြစ်ပြီး ၎င်းနောက်ပိုင်းမှ နယ်လုံဝန်ကြီးအဖြစ် လွှတ်တော်တွင် ထပ်မံ ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်အား ယခင် ရခိုင် နယ်လုံဝန်ကြီးဖြစ်ခဲ့သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးထိန်လင်း (ကြည်း ၁၇၅၁၇) နေရာတွင် ဇွန်လ ၂၉ ရက်နေ့က အစားထိုးပြောင်းလဲ ခန့်အပ်ခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လစ်လပ်နေသော လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအားလည်း လာမည့် ဇူလိူင်လ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်တွင် ရွေးကောက်တင်မြောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား သူ့ပါတီထဲမှ ရွေးချယ်ရမည် ဖြစ်ပြီး ရေပန်းစားနေသူ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ ဦးကျော်လွှင် (ကျောက်ဖြူ)၊ ဦးကျော်ဇောဦး(စစ်တွေ)၊ ဦးအောင်ဝင်း (မြေပုံ)နှင့် ဦးမောင်သန်းစိန်(ခ) မောင်မောင် (ကျောက်တော်)တို့ ဖြစ်ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...