တရိန်းရွာမှ အမျိုးသမီးများ မောင်တောမြို့ပေါ်သို့ ထွက်ပြေးနေ

တရိန်းရွာမှ အမျိုးသမီးများ မောင်တောမြို့ပေါ်သို့ ထွက်ပြေးနေ
by -
နိရဥ္စရာ
ဘင်္ဂလီများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် တရိန်းရွာမှ အမျိုးသမီးများမှာ လုံခြံုရေး ကောင်းမွန်ရာ မောင်တောမြို့ပေါ်သို့ ထွက်ပြေးခိုလုံနေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က နိရဥ္စရာသို့ ပြောသည်။

“ ဒီကနေ့ မနက်က တရိန်းရွာက အမျိုးသမီးတွေကားတွေနဲ့ မောင်တောမြို့ပေါ်ကို ထွက်ပြေးခိုလုံလာနေကြတာကို ဒီနေ့ မနက်က တွေ့ခဲဲ့ရပါတယ်။ အရေအတွက် ဘယ်လောက်များသလဲဆိုတာ မသိရသေးဘူး။ အခု ကျွန်တော် ဆေးစာယူဖို့ မောင်တောဆေးရုံးကို ရောက်နေတဲ့ အတွက် အတိအကျ စာရင်း မကောင်နိုင်သေးဘူး။ ရွာရောက်မှ သိရပါမယ်” ဟု ပြောသည်။

တရိန်းရွာတွင် ရခိုင်အိမ်ခြေ ၃၀ နှင့် မြိုတိုင်းရင်းသား အိမ်ခြေ ၅၄ ဆောင်ရှိသည်ဟု သိရသည်။

လက်ရှိအခြေအနေတွင် ဘင်္ဂလီ များ၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ နှစ်ဦးကို ရွာသားများနှင့် လုံခြံုရေး တပ်ဖွဲ့ဝင်များက ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...