ကျောက်တော်မြို့နယ်တွင် ဆိုင်ကယ်တိုက်၍ လမ်းဖြတ်ကူးလာသူ အမျိုးသမီး ပွဲချင်းပြီးသေဆုံး

ကျောက်တော်မြို့နယ်တွင် ဆိုင်ကယ်တိုက်၍ လမ်းဖြတ်ကူးလာသူ အမျိုးသမီး ပွဲချင်းပြီးသေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာ၏ အရှေ့ဘက်တွင် ဆိုင်ကယ်တစ်စီးမှ လမ်းဖြတ်ကူးလာသူ အမျိုးသမီးတစ်ဦးအား တိုက်မိ၍ အတိုက် ခံရသည့် အမျိုးသမီးမှာ ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည် ဟု အပေါက်ဝရဲစခန်းမှ ရဲအုပ် ဌေးဇော် က နိရဥ္စရာသို့ ပြောသည်။

“ မိုးအရမ်းရွာနေတဲ့ အချိန်မှာ ဆိုင်ကယ်တိုက်မှု ဖြစ်တာပါ။ အမျိုးသမီးက ဆိုင်ကယ်ရှေ့က လမ်းဖြတ်ကူးလို့ တိုက်မိတယ်လို့ သိရပါတယ် ။ ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီမှာ ဖြစ်တာပါ” ဟု ရဲအုပ် ဌေးဇော်က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ပြိန်းချောင်းကျေးရွာနေ ဒေါ် အောင်နုသာ (၄၇နှစ်) ဖြစ်ပြီး ဆို်င်ကယ်တိုက်မိရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ရဲအုပ်က ဆက်လက်ပြောသည်။

ဆိုင်ကယ်တိုက်သူမှာ မြောက်ဦးမြို့အောင်တပ်ရပ်ကွက်နေ ဦးမောင်သိန်းဝင်း (၃၁) နှစ်ဖြစ်ကြောင်း၊ ဆိုင်ကယ်မှာ စစ်တွေဘက်မှ မောင်းနှင်လာခြင်း ဖြစ်ကြောင်း၊ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် မောင်းနှင် လာသူ ဦးမောင်သိန်းဝင်း၏ ညီ ဖြစ်သူမှာလည်း ဒဏ်ရာ အနည်းငယ် ရရှိ သွားသည် ဟု ရဲအုပ်က ဆက်လက်ပြောသည်။

ဆိုင်ကယ် မောင်းနှင်လာသူအား အပေါက်ဝ ရဲစခန်းမှ ပုဒ်မ ၃၀၄-(က)၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၂၇၉ များဖြင့် တရားစွဲဆို အရေးယူထားကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...