ဟာရာကာ အယ်လ်ယာက် အကြမ်းဖက်အဖွဲ့မှ ဘဏ္ဍာရေးမှူးအား မောင်တောတွင် ဖမ်းမိ

ဟာရာကာ အယ်လ်ယာက် အကြမ်းဖက်အဖွဲ့မှ ဘဏ္ဍာရေးမှူးအား မောင်တောတွင် ဖမ်းမိ
by -
နိရဥ္စရာ
ဟာရာကာ အယ်လ်ယာက်ဟု အမည်ပေးထားသည့် ARSA အကြမ်းဖက် အဖွဲ့မှ ဘဏ္ဍာရေးမှူးအား လုံခြံုရေး တပ်ဖွဲ့ဝင်များက ဇွန် ၂၀ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံ ကင်းစခန်းမှူးဦးဆောင်သည့် နယ်ခြား စောင့်ရဲတပ်ဖွဲ့နှင် အမှတ် (၃၅၂) တပ်ရင်းမှ ပူးပေါင်း တပ်ဖွဲ့ နယ်မြေရှင်းလင်းရေး လုပ်စဉ် ဟာရာကာအယ်လ်ယာက် အဖွဲ့ဘဏ္ဍာရေးမှူးဖြစ်သူ လောင်းဒုံ ကျေးရွာ အုပ်စု ကျွန်းဂေါးင်းကျေးရွာ နေ မော်လဗီ ဂျီရာဘူရာတန် (၄၀)နှစ်(ဘ) အာဟာလာတုန် ၎င်းနေအိမ်တွင်ဇွန်လ ၂၀ ရက် ညဥ့် ၁၀ နာရီခန့်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။

နယ်မြေရှင်းလင်းရေး ပူးပေါင်းတပ်ဖွဲ့အား ရဲအုပ်ပြည်ဖြိုးအောင်၊ နယ်ခြားစောင့် တပ်ဖွဲ နှင့် ခမရ (၃၅၂) မှ ကျော်စွာဟိန်းဦးစီးသော ပူးပေါင်းတပ်ဖွဲ့ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်း ဖမ်းဆီးရမိသောတရားခံအား ကြိမ်ချောင်း အမှတ် (၂၄) နယ်ခြားစောင့် ရဲစခန်းသို့ ခေါ်ဆောင်ပြီး ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သော စစ်ဆေး မေးမြန်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

(ARSA မှာ Arakan Rohingya Salvation Army ဖြစ်ပြီး ဟာရာကာ အယ်လ်ယာက်၏ အဓိပ္ပါယ်မှာ ရို ဟင်ဂျာကယ်တင်ရေးတပ်ဟု အမည်ရသည်ဟု သိရပါသည်။)

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...