မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံ ကင်းစခန်းမှူးဦးဆောင်သည့် နယ်ခြား စောင့်ရဲတပ်ဖွဲ့နှင် အမှတ် (၃၅၂) တပ်ရင်းမှ ပူးပေါင်း တပ်ဖွဲ့ နယ်မြေရှင်းလင်းရေး လုပ်စဉ် ဟာရာကာအယ်လ်ယာက် အဖွဲ့ဘဏ္ဍာရေးမှူးဖြစ်သူ လောင်းဒုံ ကျေးရွာ အုပ်စု ကျွန်းဂေါးင်းကျေးရွာ နေ မော်လဗီ ဂျီရာဘူရာတန် (၄၀)နှစ်(ဘ) အာဟာလာတုန် ၎င်းနေအိမ်တွင်ဇွန်လ ၂၀ ရက် ညဥ့် ၁၀ နာရီခန့်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။
နယ်မြေရှင်းလင်းရေး ပူးပေါင်းတပ်ဖွဲ့အား ရဲအုပ်ပြည်ဖြိုးအောင်၊ နယ်ခြားစောင့် တပ်ဖွဲ နှင့် ခမရ (၃၅၂) မှ ကျော်စွာဟိန်းဦးစီးသော ပူးပေါင်းတပ်ဖွဲ့ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
၎င်း ဖမ်းဆီးရမိသောတရားခံအား ကြိမ်ချောင်း အမှတ် (၂၄) နယ်ခြားစောင့် ရဲစခန်းသို့ ခေါ်ဆောင်ပြီး ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သော စစ်ဆေး မေးမြန်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
(ARSA မှာ Arakan Rohingya Salvation Army ဖြစ်ပြီး ဟာရာကာ အယ်လ်ယာက်၏ အဓိပ္ပါယ်မှာ ရို ဟင်ဂျာကယ်တင်ရေးတပ်ဟု အမည်ရသည်ဟု သိရပါသည်။)







