ရခိုင်တက္ကသိုလ်ကျောင်းသား/သူများ ပြည်ထောင်စု လွှတ်တော်သို့ သွားရောက်လေ့လာ

ရခိုင်တက္ကသိုလ်ကျောင်းသား/သူများ ပြည်ထောင်စု လွှတ်တော်သို့ သွားရောက်လေ့လာ
by -
နိရဥ္စရာ
ရန်ကုန် တက္ကသိုလ် ၈ ခုမှ ရခိုင်တက္ကသိုလ်ကျောင်းသား/သူများ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်ကို သွားရောက်လေ့လာခဲ့သည်ဟု သတင်း ရရှိသည်။

လွှတ်တော် လေ့လာခရီးစဉ်ကို ဇွန်လ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။

ခရီးစဉ်တွင် ကျောင်းသား ကျောင်းသူ ၄၈ ဦး ပါ၀င်ပြီး ၎င်းတို့မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် တည်ရှိသည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်သူနာပြုတက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်(YTU)၊ သမဝါယမတက္ကသိုလ် တို့မှ ဖြစ်ကြသည်။

“ ကျွန်တော်တို့ ဇွန်လ ၁၉ ရက် တနင်္လာနေ့မှာ ပြည်ထောင်စု လွှတ်တော်ကို သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီနောက်မှာ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ နေ့လယ် ၁၂ နာရီကနေ ၁၂ နာရီ ၅၅ မိနစ်ထိ တွေ့ဆုံခွင့်ရခဲ့ပါတယ်” ဟု ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုညီညီဇော်က ပြောကြားသည်။

၎င်းပြင် ရခိုင်ကျောင်းသားအဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ ညနေတွင် ရခိုင်လွှတ်တော် အမတ်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းအထဲတွင် ဦးဘရှိန်၊ ဒေါ်ခင်စောဝေ၊ ဦးမြင့်နိုင်၊ ဦးဖေသန်း၊ ဦးတက်ထွန်းအောင် အစရှိသည့် အမတ်များ ပါ၀င်သည်။

“ ကျောင်းသားတွေက လွှတ်တော် အမတ်တွေကို သိလိုတဲ့ အချက်တွေကို မေးကြတယ်။ အဓိကတော့ ကိုယ့်မဲဆန္ဒနယ်မြေတွေ အတွက် ဘာတွေ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သလဲ။ ရှေ့မှာကော ဘာတွေကို ဆောင်ရွက်ဖို့ အစီအစဉ် ရှိသလဲ ဒါမျိုးတွေမေးကြည့်ပါတယ်။ နောက်ပီး ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းက ကိုယ့်ပြည်နယ် အတွက် အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေ ခံစားခွင့်ရနိုင်မလဲဆိုတဲ့ က်ိစ္စရပ်တွေကို မေးမြန်းကြပါတယ်” ဟု ကိုညီညီဇော်က ဆက်လက်ပြောကြားသည်။

ယခုခရီးစဉ်ကို အဓိက ရခိုင်ကျောင်းသား ကျောင်းသူများကို ပြန်လည်ပြီး စုစည်းနိုင်ရန်၊ အများစုက အမျိုးသားရေးကို စိတ်ဝင်စားသူ ကျောင်းသူ ကျောင်းသားများဖြစ်နေသဖြင့် နိုင်ငံရေး အခြေအနေများကို ပိုမို သိရှိနားလည်လာစေရန်၊ လူကြီးများထံက ဆုံးမသြဝါဒများ ရရှိစေရန်၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီး ဆွေးနွေးခြင်းဖြင့် တိုးတက်သော အမြင်၊ အပြောင်းအလဲများ ရလို၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...