တောင်ကုတ်တွင် မိုးဆက်ရွာပြီး တောင်ကျချောင်းရေနှင့် အတူ ရေများပြန်တက်လာ

တောင်ကုတ်တွင် မိုးဆက်ရွာပြီး တောင်ကျချောင်းရေနှင့် အတူ ရေများပြန်တက်လာ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ဇွန် ၂၀ ရက်နေ့ ညနေပိုင်း၌ ဆက်လက် ရေတိုးမှုများ ရှိလာနေသဖြင့် သတိအနေအထားဖြင့် စောင့်ကြည့်နေ ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွှင်က နိရဥ္စရာသို့ ပြောကြားသည်။

“ မိုးက ဆက်ရွာလာတယ်။ တောင်ကျချောင်းရေလည်း ပေါက်လာတော့ ရေက ပြန်တက်လာတယ်။ အခု ပြန်တက်လာတာကို တွေ့နေရပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောသည်။

ရေတက်လာသဖြင့် မြေနိမ့်ပိုင်းတွင် အခြေအနေပိုဆိုးရွားလာနိုင်ကြောင်း၊ လက်ရှိ ရေဝင်နေသည့် ရပ်ကွက်များမှာ ချောင်းကောက်မှ မေပိုးဝါလမ်းဘက် ကြောများတွင် အနည်းဆုံး သုံးပေထိ ၀င်ကြောင်း၊ ဂူတာဘက်မှ ဆေးရုံကွက်သစ် ရ လမ်းကို ရေဝင်နေကြောင်း၊ ကိုင်းရှည်- နတ်မော်တို့ကိုလည်း ယခုအချိန်ဆိုလျှင် ရေဝင်နိုင်ကြောင်း သူက ပြောကြားသည်။

“ မြို့နယ် သဘာဝဘေးကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှူကော်မတီ အနေနဲ့ ဆောင်ရွက်စရာတွေ ရှိတာကို ဆောင်ရွက်သွားမှာပါ။ လောလောဆယ် လိုအပ်ရင် ပြောင်းရွှေ့နိုင်အောင် နေရာတွေတော့ ပြင်ဆင်ထားပြီးပါပြီ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

တောင်ကုတ် ဒေသခံ ကို ဇေယျကျော်အား ဆက်သွယ်မေးမြန်းရာ နောက်ထပ် မိုး ရ နာရီခန့် ဆက်တိုက်ရွာပါက ရေမြုပ်နိုင်ကြောင်း၊ လောလောဆယ် သူတို့ အိမ် ခြံစပ်ထိ ရေရောက်နေပြီ ဖြစ်ကြောင်း၊ အိမ်ထဲထိ ရေမရောက်သေးကြောင်း၊ သို့သော်လည်း မြေနိမ့်ရပ်ကွက်များတွင် ရေဝင်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိ သံတွဲတွင် အခြေအနေမှာ ပုံမှန် အနေအထား ရှိနေသော်လည်း ဆက်မိုးရွာပါက ရေတက်လာရန်မှာ အသေအချာပင် ဖြစ်ကြောင်း သံတွဲဒေသခံ ကိုဟန်မျိုးသူရိန်က ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...