တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ရခိုင်ပြည်နယ် အနိမ့်ဆုံး

တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ရခိုင်ပြည်နယ် အနိမ့်ဆုံး
by -
နိရဥ္စရာ
တက္ကသိုလ် ၀င်တန်း အောင်စာရင်းကို ယနေ့ နံနက်က ထုတ်ပြန်ရာ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ရခိုင်ပြည်နယ်၏ အောင်ချက် ရာခိုင်နှုန်းမှာ အနိမ့်ဆုံး ဖြစ်သည်။

njr1905ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် စာမေးပွဲ ဖြေဆိုသူ ၃၈၄၄၀ တွင် အောင်မြင်သူ ကျောင်းသား ကျောင်းသူ ဦးရေမှာ ၆၅၉၈ ဦးသာ ရှိကြောင်း သိရသည်။

အောင်ချက်ရာခိုင်နှုန်းအများဆုံးမှာ မွန်ပြည်နယ် ဖြစ်ပြီး ၄၁ ဒသမ ၁၂ ရာခိုင်နှုန်း ရှိသည်။

ယခင်နှစ်က ချင်းပြည်နယ် မှာ အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်ခဲ့သော်လည်း ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၁၉ ဒသမ ၀၄ ဖြင့် ရခိုင်ပြည်နယ်ထက် ရှေ့ကို ရောက်သွားခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...