ရခိုင်ရေးရာ စကားဝိုင်း အမှတ်(၂) ရန်ကုန်တွင် ဇွန် ၁၇ ရက်နေ့ ကျင်းပမည်

ရခိုင်ရေးရာ စကားဝိုင်း အမှတ်(၂) ရန်ကုန်တွင် ဇွန် ၁၇ ရက်နေ့ ကျင်းပမည်
by -
နိရဥ္စရာ
ရခိုင်သာကြီးစာပေမှ စီစဉ်သော ရခိုင့်အရေးရာ စကားဝိုင်း အမှတ်(၂) ကို ဇွန်လ ၁၇ ရက် နေ့လယ် ၂ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

ယခုတစ်ကြိမ်တွင် ဆွေးနွေးမည့် ခေါင်းစဉ်မှာ “ လက်ရှိ ရခိုင်နိုင်ငံရေးနှင့် သူတို့အမြင်” ခေါင်းစီးဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပါ၀င်ဆွေးနွေးကြမည့် သူများမှာ ပါမောက္ခ ဒေါက်တာအေးချမ်း၊ ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)၊ ဦးဘရှိန် ( ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့ ဖြစ်ကြပြီး ကိုအောင်နေမင်းမှ Moderator ဆွေးနွေးပွဲ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

အခမ်းအနားကို ဇွန်လ ၁၇ ရက် နေ့လယ် ၂ နာရီ တိတိတွင် တော်ဝင်နှင်းဆီရှိ ခန်းမဆောင်တွင် ပြုလုပ်မည် ဖြစ်သဖြင့် နိုင်ငံရေးကို စိတ်ပါ၀င်စားသူ မည်သူ မဆို တက်ရောက် နိုင်ပါကြောင်း ရခိုင်သားကြီးစာပေ ဦးလှမြင့်မှ ပြောကြားသည်။

ယခုပြုလုပ်သည့် ရခိုင်ရေးရာ စကားဝိုင်းကို - ရခိုင်အမျိုးသားရေး ဗဟိုပြုသော ပြဿနာများကို ဖော်ထုတ်ရန်၊ ရခိုင့်လူမှု အဖွဲ့အစည်းအတွင်း ဒီမိုကရေစီနည်းကျ ဆွေးနွေးဖလှယ် အဖြေရှာသော ယဉ်ကျေးမှု ရှင်သန်လာရန်၊ ရခိုင်မျိုးဆက် လူငယ်များအတွင်း ရခိုင်အမျိုးသားရေး အတွေးအခေါ်သစ် ကျယ်ပြန့်မြင့်မား လာစေရန် ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...