ဘင်္ဂလာဒေ့ရှ်ရှိ သက်လူမျိုးများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မောင်တော UNHCR ရုံးရှေ့တွင် ဒေသခံများ ဆန္ဒဖော်ထုတ်

ဘင်္ဂလာဒေ့ရှ်ရှိ သက်လူမျိုးများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မောင်တော UNHCR ရုံးရှေ့တွင် ဒေသခံများ ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့ UNHCR ကမ္ဘာကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဒေသခံ ရခိုင် ပြည်သူ ၃၀၀ ကျော်သည် ဇွန် ၁၄ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရခြင်းမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရန်ဂါမတီ ခရိုင် လောင်းကဒူးဒေသတွင် ဌာနေတိုင်းရင်းသား လူနည်းစု ချက်ကမာ(ခေါ်) သက်လူမျိုးများကို မြေပြန့်မှ အခြေချနေထိုင်လာသူ ဘင်္ဂလီများမှ တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ ပိုမို အာရုံစူးစိုက်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း မောင်တော မြို့နယ် ANP ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

“ သူတို့ကို တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့နဲ့ လူနည်းစု ဗုဒ္ဓဘာသာဝင် သက်လူမျိုးတွေကို အကာအကွယ်ပေးဖို့ UN ကိုရော ဘင်္ဂလာဒေ့ရှ် အစိုးရကိုရော တောင်းဆိုပါတယ်။ ဒီလို တိုက်ခိုက်နေမှုတွေ ပေါ်ပေါက်နေတဲ့ အတွက် ကျွန်တော်တို့က စိုးရိမ်မှုတွေ ရှိနေတယ်။ သူတို့ကို ဥပဒေကြောင်း အရ အကာအကွယ် အလုံအလောက်ပေးဖို့ တောင်းဆိုပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့က တက္ကစီ ဒရိုင်ဘာ ဘင်္ဂလီ လူမျိုး တစ်ဦး အသတ်ခံရမှုကြောင့် ဘင်္ဂလီ အခြေချနေထိုင်သူများသည် လောင်းကဒူးဒေသရှိ သက်လူမျိုး ကျေးရွား ၃ ရွာကို မီးရှို့ တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ ထိုတိုက်ခိုက်မှုအတွင်း သက် လူမျိုး ၆ဦး သေဆုံးခဲ့ရပြီး စျေးဆိုင်များ အပါအဝင် အိမ်ခြေ ၂၀၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထောင်နှင့် ချီသော ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သို့သော်လည်း UN အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ ယနေ့ထိ တစ်စုံတစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုုခြင်း၊ ကြားဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

သို့အတွက် ရခိုင်ပြည်သူ ၃၀၀ ကျော်သည် ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး နေ့လယ် ၁ နာရီမှ ၃ နာရီခွဲထိ UNHCR ရုံးရှေ့တွင် စုရုံး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

“ UNHCR ဆိုတာ UN ရဲ့ လက်အောက်ခံ ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်တယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ လူနည်းစု သက်လူမျိုးများ အပေါ် ဘင်္ဂလီတွေက အနိုင်ကျင့် သတ်ဖြတ်နေတာကို သူတို့ က တစ်ဆင့် တစ်ကမ္ဘာလုံး သိစေချင်တဲ့ ဆန္ဒနဲ့ UN ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်သန်းက ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်ခဲ့ကြသည့် ကြွေးကြော်သံများမှာ
(၁)စစ်တကောင်း ဌာနေတိုင်ရင်းများကို ကယ်တင်ပေပါ
(၂)စစ်တကောင်းတောင်တန်းဒေသ ငြိမ်းချမ်းရေးနှင့် လုံခြံုရေးကို ကျွန်တော်တို့ အလိုရှိသည်။
(၃)စစ်တကောင်းတောင်တန်းဒေသတွင်ရှိသော သက္ကမ မျိုးနွယ်စုများအား အကြမ်းဖက် သတ်ဖြတ်နေမူများကို ရပ်တန့်ပေးရေး (ဒို့အရေး) စသည့် ကြွေးကြော်သံများ ဖြစ်ကြကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...