စစ်တွေ ရေချမ်းပြင်တွင် wy စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းမိ

စစ်တွေ ရေချမ်းပြင်တွင် wy စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင် ဆိပ်ကမ်းတွင် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်က စိတ်ကြွဆေးပြား ၃ သန်း ၄ သိန်း ဖမ်းဆီးရမိခဲ့ဟု သတင်း ရရှိသည်။

ပုဏ္ဏားကျွန်း မြို့ မှ ဦးအောင်စောသန်း(၅၃)နှစ်(ဘ) ဦးပန်းကျော်စိန် မှတ်ပုံတင် အမှတ် ၁၁/စတန(နိုင်)၀၃၉၀၉၅ မောင်းနှင်းလာသည့်ကား ရေချမ်းပြင်ဆိပ်ကမ်းသို့ ရောက်ရှိလာချိန်တွင် လုံခြံုရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ ပြောဆိုသည်။

ဦးအောင်စောသန်း မောင်းနှင်လာသည့် ယာဉ်အမှတ် 7L-9363 SKAT ကား အဖြူရောင် လိုင်စင်ပါ ယာဉ်အား စစ်ဆေးရာ ကားပေါ်တွင် ဘိလပ်မြေအိတ် ၅၀၊ သံဇကာအလိပ် ၃၀၊ သံဆူးကြိုးခွေ ၁၅ ခွေနှင့် အတူ ကားဝမ်းဗိုက်တွင် အံခွက်ပြုလုပ်ပြီး တင်ဆောင်လာသည့် wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေး ၁ ထုတ်လျှင် ဆေးပြား ၁၀၀၀၀ တစ်သောင်းပြားပါ အထုတ်စုစုပေါင်း(၃၄၀)ထုတ်ကို ဖမ်းမိခဲ့သည်။

၎င်းဆေးပြားများ၏ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၀၂၀၀ ဖိုး ရှိကြောင်း၊ ၎င်းဆေးပြားများကို ကားဝမ်းဗိုက်တွင် တစ်ပေ ခန့်အနက်အံခွက်ပြုလုပ်ပြီး အပေါ်မှ သံပြားများအား စကူ စွဲပိတ်ကာ ယူဆောင်လာခြင်း ဖြစ်ကြောင်း၊ ၎င်းဆေးပြားများကို စရဖ တပ်စုမှူး သန်းဌေးအောင်၊ တပ်ကြပ်ကြီး မျိုးမင်းနိုင်နှင့် ရေချမ်း ပြင် ရဲစခန်းမှူး ရဲအုပ်ကျော်သာမောင်တို့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း ၎င်းရဲအရာရှိက ပြောဆိုသည်။

တရားခံဖြစ်သူ ယာဉ်မောင်း၏ ထွက်ဆိုချက် အရ ၎င်း ပစ္စည်းများအား ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းပိုင်း ရပ်ကွက် ရေခဲစက် လမ်းတွင် နေထိုင်သော ဦးစံအောင်ကျော် မှ ယာဉ်မောင်းသူ အောင်စောသန်းအား ငွေ ၂ သိန်းပေးပြီး မောင်တောမြို့စျေးလမ်းဆုံနေ ဖုန်းနံပတ် ကိုင်ဆောင်သူ …….နှင့် နောက်တစ်ဦး ….. တို့အား ဆက်သွယ် ပြီး ပို့ပေးရန်မှာကြား လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

ဖြစ်စဉ်မှ ကွင်းဆက် တရားခံများဖြစ်သူ ပုဏ္ဏားကျွန်းမြို့ရွာဟောင်းပိုင်း ရပ်ကွက် ရေခဲစက်လမ်းတွင် နေထိုင်သော စံအောင်ကျော်၏ နေအိမ်အား နေလည် ၂ နာရီ ၁၀ မိနစ် တွင် ပုဏ္ဏားကျွန်းမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး က ဦးစီးပူပေါင်းအဖွဲ့ မှ သွားရောက် စစ်ဆေး ရာ စံအောင်ကျော် သည် နေအိမ်အား သော့ခတ်၍ ထွက်ပြေးတိမ်းရှောင်လျှက် ရှိကြောင်း သိရှိရပါသည်။

မူယစ်ဆေးဝါး လက်ဝယ် တွေ့ရှိသူ နှင့် ကွင်းဆက် တရားခံဖြစ်သူတို့ ၂ ဦးအား စစ်တွေ မြို့မ ရဲစခန်း မှူး မှ မယ(ပ)(၂၉/၂၀၁၇) မူ/စိတ်/ပြောင်း ပုဒ်မ (၁၅/၁၉(က)/၂၀(က)/၂၁ အရအမူဖွင့်ကာ ရဲအုပ် ကျော်သာမောင် မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရှိရပါသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...