ယိုးတရုတ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်၍ လူ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ၊ အိမ်အလုံး ၂ဝ ပျက်စီး

ယိုးတရုတ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်၍ လူ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ၊ အိမ်အလုံး ၂ဝ ပျက်စီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ၊ အရှေ့စုရပ်ကွက်တွင် ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်၍ လူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ နေအိမ် အလုံး ၂ဝ ပျက်စီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။

njr1202p“ဒီကနေ့မနက် ၃ နာရီလောက်မှာ တိုက်သွားတာပါ။ ဒီဖြစ်စဉ်ကြောင့် သေဆုံး သွားသူတွေဟာ အိမ်အပြင်ကိုလွင့်ပါသွားပါတယ်။ ရွာပြင်က လယ်ကွင်းထဲ ရောက်သွားတယ်။ ပြင်ပ ဒဏ်ရာရတာတွေတော့ မရှိဘူး”ဟု ယိုးတရုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသွားသူများမှာ ဒေါ်ရွှေမဖြူ (အသက် ၈ဝ ကျော်)နှင့် သူ၏ချွေးမဖြစ်သူ ဒေါ်မခင်စော (၃၂ နှစ်)တို့ဖြစ်ကြသည်။

ယင်းအပြင် ကလေးငယ် ၁ ဦးအပါအဝင် လူ ၃ ဦးထိခိုက် ဒဏ်ရာရရှိသွားသည့် အတွက် ယိုးတရုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်အလုံး ၂ဝ မှာလည်း ပြိုလဲပျက်စီးသွားပြီး နေအိမ်ပျက်စီးသွားသူများမှာ လက်ရှိတွင် ရွာလယ်ဓမ္မာရုံတွင် ယာယီတည်းခိုနေနေရသည်ဟုလည်း သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းရောက်လာပြီး သေဆုံးသွားသူတစ်ယောက်ကို ကျပ် ၅ သောင်း၊ ဒဏ်ရာရသူတစ်ယောက်ကို ကျပ် ၂ သာင်း၊ လုံးဝပြိုသွားတဲ့ နေအိမ် ၁၈ လုံးရဲ့ပိုင်ရှင်တွေကို ဆန် ၁ အိတ်စီထောက်ပံ့ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်နဲ့ ရပ်မိရပ်ဖနဲ့ ကျေးရွာကနေပြီးတော့ သေဆုံးသွားသူတစ်ယောက်အတွက် ကျပ် ၂ သောင်းစီထောက်ပ့ံထားပါတယ်။ “ဟု ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

ပျက်စီးသွားသည့်နေအိမ်အမျိုးအစားများကိုမူ စာရင်းကောက်ယူနေဆဲဖြစ်သည့်အတွက် အတိအကျမပြောနိုင်သေးဟုလည်း ဦးဝင်းမောင်က ဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...