ရခိုင်မှ ကမ်းထောင်းကြီးမြို့တွင် ၀ါယာရှော့ ဖြစ်၍ မီးလောင်မှု ဖြစ်ပွား

ရခိုင်မှ ကမ်းထောင်းကြီးမြို့တွင် ၀ါယာရှော့ ဖြစ်၍ မီးလောင်မှု ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကမ်းထောင်းကြီးမြို့ ရဲစခန်းမှ ရဲအုပ် စောတင် ကပြောသည်။

njr1201အဆိုပါ မီးလောင်မှုသည် ဇွန်လ ၁၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် မီးစက်မှ ၀ါယာရှော့ ဖြစ်၍ စတင်မီးလောင်ခဲ့သည် ဟု ပြောသည်။

“ မီးလောင်တာက မီးစက်နေစပြီး မီးလောင်မှုဖြစ်တာ လို့ ထင်တယ်။ ဂဏန်းဒိုင်၊ ပုဇွန်ဒိုင်နှင့် အဆောက်အဦး တစ်ခု မီးလောင်မှု မှာပါသွားတယ်” ဟု ရဲအုပ် စောတင်က ပြောသည်။

ထို မီးလောင်မှုကို မီးသတ်ကားတစ်စီးနှင့် အရပ်သားများ ၀ိုင်းဝန်း မီးငြိမ်း သတ်ခဲ့ကြပြီး နံနက် ၄ နာရီတွင် မီးလုံးဝငြိမ်းသွားသည် ဟု ရဲအုပ် ကပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားမှုတွင် မီးပေါ့လျော့စွာ အသုံးပြုမှု ပုဒ်မ (၂၈၅) ဖြင့် ပိုင်ရှင် ဒေါ်ချိုချိုအေးအား အမှုဖွင့်ထားသည် ဟု ဆက်လက်ပြောသည်။

အဆိုပါ မီးလောင်မှုတွင် ဆုံးရှုံးမှုတန်ဖိုးအား စီစစ်နေဆဲ ဖြစ်သည် ဟုလည်း သိရသည်။

၎င်းမီးလောင် အဆောက်အဦတွင် စက်သုံးဆီများ သိုလှောင်ထားသဖြင့် မီးကို ခဲရာခဲဆစ် ငြိမ်းသတ်ခဲ့ရကြောင်း၊ ကမ်းထောင်းကြီးမြို့ထဲတွင် စက်သုံးဆီ အရောင်းဆိုင်များ၊ အရက်ဆိုင်များကို မြို့ထဲမှ မြို့ပြင်သို့ ထုတ်ရန် လိုအပ်နေကြောင်း၊ ကမ်းထောင်းကြီး မြို့အတွက် မီးသတ်ကားတစ်စီးနှင့် ရေသယ်ကား တစ်စီးလည်း နောက်ထပ် လိုအပ်နေကြောင်းဖြင့် ဒေသခံများက ပြောကြားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...