ယမန်နေ့ ညဥ့် သန်ခေါင် ၁၂ နာရီ ၁၀မိနစ်အချိန်တွင် မျက်နှာဖုံးအနက်စွပ်ထားသည့် ဘင်္ဂလီအကြမ်းဖက် သမား ၂၅ ဦးသည် မင်္ဂလာကြီးချောင်းအတွင်းမှ လှေငယ် ၂ စီးဖြင့် ပုဇွန်ကန်သို့ ရောက်ရှိလာပြီး ပုဇွန်ကန် စောင့်နေကြသူ ၄ ဦးအနက် မောင်တောမြို့၊ အမှတ်(၂)ရပ်ကွက်နေ အီဘရာဟင်(ဘ)အဒူဇော်ဘော် အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု နယ်ခြားစောင့် ရဲသတင်းမှတ်တမ်းအရ သိရသည်။
ကျန် ၃ ဦးဖြစ်သည့် ရာအိမ်မှူး ဖိုင်ဆဲန်(၃၆)နှ စ် (ဘ)ကော်ဘီအာမတ် သလူချောင်းကျေးရွာ၊ လာလာ (၂၄)နှစ် (ဘ)ဘာဆာမျှား သူလူချောင်း ကျေးရွာနှင့် မာမတ်ရှော်ရီး (၂၅)နှစ်(ဘ)တိုမာအာမက် မျောတောင် နေတို့အား မျက်နှာများ အဝတ်များဖြင့် စည်းကာ လက်ပြန် ကြိုးတုတ်၍ သေလုမျောပါး ဖြစ်အောင်ထိ ရိုက်နှက်ကာ ပုဇွန်ကန်တဲတိုင်များတွင် ချည်နှောင်ကာထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။
၎င်း တို့ သုံးဦးလုံးမှာ သတိမေ့မြောနေခဲ့ပြီး မနက် ၆ နာရီ ၄၀ မိနစ်လောက်တွင်မှ ပြန်လည်သတိရလာပြီး ချည်နှောင်ထားသော ကြိုးများကို ဖြေကာ ထွက်ပြေးလာကြသည်ဟု သိရသည်။
၎င်းတို့ သုံးဦးအနက် ရွှေစားကျေးရွာအုပ်စု ပေါင်းစားကျေးရွာနေထိုင်သူ မာမတ်ရှော်ရီးမှ နံနက် ရ နာရီ ၃၀ အချိန်တွင် မောင်တောမြိုနယ် ရွက်ညိုတောင် ရဲစခန်း သို့ သွားရောက်ကာ ၎င်းမှုခင်းနှင့် ပတ်သက်ပြီး တိုင်ကြားခဲ့သည်ဟု သိရသည်။
၎င်းအခင်းဖြစ်ပွားရာ ပုဇွန်ကန်မှာ မောင်တောမြို့နယ် မြောက်ပိုင်း မျောတောင်အုပ်စု သလူချောင်းကျေးရွာ ၏ တောင်ဘက်တွင် တည်ရှိကြောင်း သိရှိရသည်။
ပုဇွန်ကန်တွင်အလုပ်လုပ်ကိုင်နေသူ မောင်တောမြို့ အမှတ် (၂) ရပ်ကွက်မှ အီဘရာဟင်(ဘ) အဒူဇော်ဘော်မှာ ယခုအချိန်ထိ ပျောက်ဆုံးနေသဖြင့် အမူဖွင့် တိုင်ကြား ထားကြောင်း သိရပါသည်။
ရွက်ညိုတောင် ရဲစခန်းမှ ရဲမှူး မင်းစိုးထက် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံက် ၉ နာရီ ၃၀ တွင် မျောတောင်ကျေးရွာရှိ ပျောက်ဆုံးသွားသူ၏ အီဘရာဟင်၏ ယောက္ခမ တော်သူ၏ အိမ်အား သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။







