အမ်းမြို့နယ်တွင် လက်ပစ်ဗုံးဟောင်းများနှင့် ကျည်ဆံဟောင်းများတွေ့ရှိ

အမ်းမြို့နယ်တွင် လက်ပစ်ဗုံးဟောင်းများနှင့် ကျည်ဆံဟောင်းများတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ မဲလက်မောင်းကျေးရွာအနီး အိမ်ခြံစည်းရိုးတိုင် ကျင်းများတူးဖော်ရာမှ လက်ပစ်ဗုံးဟောင်းများ အပါအဝင် ကျည်ဆံများတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၆ ရက် မွန်းလွဲ ၃ နာရီ ခွဲခန့်က မဲလက်မောင်းကျေးရွာအနီး အမ်း-စစ်တွေကားလမ်းဘေး၊ မိုင်တိုင် အမှတ် ၁၇/၁ နှင့် ၁၇/၁ ကြားတွင် အောက်ရွာအုပ်စု၊ အောက်ရွာကျေးရွာနေထိုင်သူ မောင်သန်းတိုး (၃၂) နှစ်မှ အိမ်ခြံစည်းရိုးတိုင်များကို တူးဖော်စဉ် ၃၆ အမျိုးအစား ခွင်းဗုံး(၂)လုံးနှင့် ပွိုင့် ၃၀၃ အမျိုးအစား ကျည်ဆံ ၃ တောင့် တို့အား တွေ့ရှိခဲ့သည်ဟု သိရသည်။

၎င်းနောက် ကဇုကိုင်းရဲကင်းမှူး ရဲအုပ်မောင်မောင်နိုင် ဦးစီး(၃)ဦးအဖွဲ့၊ စရဖမှ တပ်ကြပ်စိုးဝင်း၊ မဲလက်မောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ စလနခွဲ(၃၄၅)မှ ဗိုလ်ကြီးသီဟထွန်း ဦးစီး(၃)ဦးအဖွဲ့၊ စအရ ((၉၁၉)မှ ဗိုလ်ဇော်လင်းထက် ဦးစီး(၃)ဦး အဖွဲ့တို့ ၎င်းနေရာသို့ ရောက်ရှိလာပြီး မိုင်းရှာစက်များဖြင့် ဆက်လက် ရှာဖွေခဲ့ရာ နောက်ထပ် လက်ပစ်ဗုံး ၂ လုံး၊ ပွိုင့် ၃၀၃ အမျိုးအစားကျည် ၄၈၀ တောင့်၊ အမေရိကန်နိုင်ငံ လုပ် WRA တံဆပ်ပါ ၉မမကျဉ် ၈ တောင့် ထပ်မံတွေ့ရှိခဲ့သည်။

၎င်းတွေ့ရှိသော ခဲယမ်းများမှာ အားလုံးမှာ ပျက်စီးနေပြီ ဖြစ်ကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

၎င်းလက်ပစ်ဗုံးများနှင့် ကျဉ်များကို ဖျက်ဆီးရန်အတွက် စအရ(၉၁၉)မှ ဗိုလ်ဇော်လင်းထက်နှင့်ဖွဲ့မှ တပ်ရင်းသို့ ယူဆောင်သွားကြောင်းသိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...