ကြံ့ခိုင်ရေးနှင့် ရခိုင်အဖွဲ့ ၁၆ ခုမှ သက္ကမလူမျိုးများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်

ကြံ့ခိုင်ရေးနှင့် ရခိုင်အဖွဲ့ ၁၆ ခုမှ သက္ကမလူမျိုးများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်
by -
နိရဥ္စရာ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်တွေ အခြေစိုက် ရခိုင်အဖွဲ့ ၁၆ ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမဒီခရိုင် လောင်းကဒူးဒေသတွင် ဌာနေတိုင်းရင်းသား သက္ကမ (သက်) လူမျိုးများအပေါ် ဘင်္ဂလီလူမျိုးများမှ တိုက်ခိုက်နေမှုများနှင့် ပတ်သက်ပြီး ဇွန်လ ၆ ရက်နေ့က အသီးသီး ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

njr0801ကြံ့ခိုင်ရေးပါတီမှ ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ် ဇွန်လဆန်းမှ စပြီး သက်လူမျိုး (လူနည်းစု ဗုဒ္ဓဘာသာ ကိုးကွယ်သူများ)နေထိုင်ရာကျေးရွာများကို အင်အား အလုံးအရင်းဖြင့် ဖျက်ဆီးခြင်း၊ အဓမ္မကျင့် တိုက်ခိုက် သတ်ဖြတ်ခြင်းများကြောင့် လူနည်းစု အမြောက်အများ သေဆုံးပြီး အိုးအိမ် ပစ္စည်းများ ပျက်စီး ဆုံးရှုံး ခဲ့ရကြောင်း ဖော်ပြပြီး ဘင်္ဂလာဒေ့ရှ် အစိုးရ အနေဖြင့် လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်နှင့် ပြစ်မှု ကျူးလွန်သူများကို ထိုက်သင့်သည် ပြစ်ဒဏ်များ ပေးရန် တောင်းဆိုထားသည်။

ကြံ့ခိုင်ရေး ပါတီမှ လက်ရှိ မြန်မာ အစိုးရအားလည်း ပြည်တွင်းတွင် လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသကဲ့သို့ အိမ်နီးချင်း နိုင်ငံများရှိ မျိုးနွယ်တူ လူနည်းစုများ၏ အသက်အိုးအိမ် စည်းစိမ် စသည့် အခွင့်အရေးကို အစိုးရချင်း ညှိနိုင်း၍ ဆက်သွယ်ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်းတန်း ဒေသ ရင်ဂါမတီ ခရိုင်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သည့် ဘင်္ဂလီလူမျိုးများမှ ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ၏ လူနေအိမ်များ၊ စျေးဆိုင်များအား မီးရှို့တို်က်ခိုက်နှင့် လူယက်တိုက်ခိုက်ခြင်းများကို ပြုလုပ်ကျူးလွန်နေသဖြင့် လူ ၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး အိမ်ပေါင်း ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေ အခြေစိုက် ရခိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က ဇွန်လ ၆ ရက်နေ့က သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

“အဓိကတော့ စစ်တကောင်း တောင်တန်းဒေသမှာ မလုံမခြံုဖြစ်နေတဲ့ ဌာနေတိုင်းရင်းသားတွေ လုံခြံုရေး အပြည့်အဝရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ဆုံးရှုံး နစ်နာမှုတွေကို အဆောအလျင် လျော်ကြေးပေးပြီး ပြန်လည် တည်ဆောက်ပေးဖို့ တိုက်တွန်းထားပါတယ်”ဟု ၈၈ ရခိုင်မျိုးဆက် လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အတွင်းရေးမှူး ခိုင်ဆန်းအောင်က နိရဥ္စရာ သတင်းဌနသို့ ပြောသည်။

ယင်းထုတ်ပြန်ချက်၌ UN အပါ၀င် UN နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအားလည်း ကြားဝင်ဖျန်ဖြေပေးရန်နှင့် ဌာနေတိုင်းရင်းသားတို့၏ ဘဝရပ်တည်ရေးအတွက် ကြိုးစားပေးရန် တောင်းဆိုထားကြောင်းသိရသည်။

စစ်တကောင်း တောင်တန်းဒေသ၌ ဌာနတိုင်းရင်းသားများ တိုက်ခိုက်ခံနေရခြင်းမှာ အဆိုပါဒေသ၌ တရားဥပဒေ စိုးမိုးမှု မရှိ၍ ဖြစ်ပေါ်နေရကြောင်း ၊ မကြာခဏ ဆက်တိုက်ဖြစ်ပွားနေသည့် ပြဿနာဖြစ်ကြောင်း၊ ယင်းသို့ ဖြစ်ပွားရခြင်းမှာ အစိုးရကိုင်တွယ်မှု အားနည်း၍ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ခိုင်ဆန်းအောင်က ပြောသည်။

“တစ်ဘက်က ပြောရမယ်ဆိုရင် ဒီလိုမျိုးဖြစ်ပွားနေတာဟာ ဌာနေတိုင်းရင်းသားတွေဟာ အမြဲတမ်းအတိုက် အခိုက်ခံနေရတဲ့ သဘောရှိတယ်။ ဒီလိုမျိုးတိုက်ခိုက် ခံနေရတာဟာ အစိုးရက တမင်ဖန်တီးထားလား ဆိုပြီးတော့ သံသယဝင်စရာ အကြောင်းတွေဖြစ်လာနိုင်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

ယင်းကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဌာနေတိုင်းရင်းသားများ ဘဝရပ်တည်ရေး၊ အသက်ရှင်နေထိုင်ရေးနှင့်ပတ်သက်၍ လုံခြံုမှုအတွက် တာဝန်ယူပေးရန် တိုက်တွန်းထားသည့် ထုတ်ပြန်ချက် ဖြစ်ကြောင်း သိရသည်။

ရခိုင်အဖွဲ့ (၁၆) ခုမှ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့လည်း ပေးအပ်သွားမည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...