အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ

အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ
by -
နိရဥ္စရာ
အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ
အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာ၏ အရှေ့တောင်ဘက် (၄)ဖာလုံခန့်အကွာအနီးတွင် ဇွန်လ ၆ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော်ခန့် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

“ ဖမ်းဆီးမိတာတော့ဟုတ်ပါတယ်။ သစ်ဘယ်နှစ်တန်ရှိမလဲဆိုတာ တိုင်းတာနေတုန်းပဲရှိပါသေးတယ်။ အနည်းဆုံး သစ် ၁၅တန်ကနေ ၂၀ တန်လောက်တော့ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တစ်ခြား ဆက်စပ် ကိစ္စတွေ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး’’ ဟု အမ်းမြို့နယ်၊ သစ်တောဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

နေရာ(၅)ခုမှ ကညင်နှင့် အခြားသစ်ခွဲသား အချောင်း (၁၅၀) ခုခန့် ဖမ်းဆီးရမိကြောင်း အမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

အမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးဟိန်းခေါင်းဆောင်၍ တောအုပ် ဦးထိန်လင်းအောင်၊ ဦးဟန်တင့်၊ တောခေါင်း ဦးစိန်လင်း၊ ဦးစံဌေး တို့ပါ၀င်သော အဖွဲ့သည် တလိုင်းတောင်နယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကွင်းဆင်းစဉ် ဖမ်းမိခဲ့ကြောင်းသိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...