အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ

အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ
by -
နိရဥ္စရာ
အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ
အမ်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော် ဖမ်းဆီးမိ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာ၏ အရှေ့တောင်ဘက် (၄)ဖာလုံခန့်အကွာအနီးတွင် ဇွန်လ ၆ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က ပိုင်ရှင်မဲ့ သစ် ၁၅ တန်ကျော်ခန့် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

“ ဖမ်းဆီးမိတာတော့ဟုတ်ပါတယ်။ သစ်ဘယ်နှစ်တန်ရှိမလဲဆိုတာ တိုင်းတာနေတုန်းပဲရှိပါသေးတယ်။ အနည်းဆုံး သစ် ၁၅တန်ကနေ ၂၀ တန်လောက်တော့ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တစ်ခြား ဆက်စပ် ကိစ္စတွေ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး’’ ဟု အမ်းမြို့နယ်၊ သစ်တောဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

နေရာ(၅)ခုမှ ကညင်နှင့် အခြားသစ်ခွဲသား အချောင်း (၁၅၀) ခုခန့် ဖမ်းဆီးရမိကြောင်း အမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

အမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးဟိန်းခေါင်းဆောင်၍ တောအုပ် ဦးထိန်လင်းအောင်၊ ဦးဟန်တင့်၊ တောခေါင်း ဦးစိန်လင်း၊ ဦးစံဌေး တို့ပါ၀င်သော အဖွဲ့သည် တလိုင်းတောင်နယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကွင်းဆင်းစဉ် ဖမ်းမိခဲ့ကြောင်းသိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...