ဗုဒ္ဓဓမ္မဖောင်ဒေးရှန်းနှင့် ဝံသာနုရက္ခိတအသင်းမှ မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသည့် မောင်တောမြို့နယ်မှ သာသနိက အဆောက်အဦများအတွက် ငွေလှူဒါန်း

ဗုဒ္ဓဓမ္မဖောင်ဒေးရှန်းနှင့် ဝံသာနုရက္ခိတအသင်းမှ မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသည့် မောင်တောမြို့နယ်မှ သာသနိက အဆောက်အဦများအတွက် ငွေလှူဒါန်း
by -
နိရဥ္စရာ
မဘသကို ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှန်းနှင့် ဝံသာနုရက္ခိတ အသင်း ဗဟို ဦးဆောင်ဆရာတော် မြနန်းဆရာတော်၊ဆရာတော် ဒေါက်တာ သောပါကနှင့် အဖွဲ့ဝင်ဆရာတော်များသည် မောင်တောမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး လေဘေးသင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံတိုင်းရင်းသားများ အတွက် ကျပ် ၆၃ သိန်းနှင့် ငါးခြောက်ပိသာ ၃၀၀၀ တို့ကို လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

ကျပ်ငွေ ၆၃ သိန်းမှာ မောင်တောမြို့နယ်အတွင်း ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း ရ၃ ကျောင်း အတွက် ဖြစ်ပြီး ငါးခြောက် ပိသာ ၃၀၀၀ မှာ မုန်တိုင်းဒဏ်ကို ခံခဲ့ရသည့် တိုင်းရင်းသားကျေးရွာများ အတွက် ဖြစ်ကြောင်း သိရသည်။

၎င်းလှူဒါန်းပွဲကို အခမ်းအနားတစ်ရပ်ဖြင့် ဇွန်လ ၆ ရက် နေ့လယ် ၁ နာရီအချိန်တွင် မောင်တောမြို့ မြို့မကျောင်းတိုက် ၏ လောကမာရဇိန် သိမ်တော်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ လှူဒါန်းငွေများကို မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က လက်ခံယူခဲ့သည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က " မောင်တောခရိုင်အတွင်း သာသနိက အဆောက်အအုံ ၁၄၀ ကျော် ပျက်စီးခဲ့ပါတယ်။ စာသင်ကျောင်းပေါင်း ၂၀၀ ကျော် ပျက်စီးပြီး မောင်တောခရိုင်အတွင်း ပျက်စီး ဆုံးရုံးမူ တန်ဖိုး သိန်းပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်။ မောင်တောမြို့နယ်အတွင်း ပျက်စီးသွားတဲ့ ဘုန်းတော်ကြီး ကျောင်းပေါင်း ရ၃ ကျောင်းအတွက် အခုလို ငွေလှူဒါန်းတဲ့ အပေါ် အထောက်အပံ့ကောင်း ဖြစ်တဲ့ အတွက် အထူးဝမ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ်” ဟု ပြောသည်။

၎င်းပြင် ခရိုင်အုပ်ချုပ်ရေးမှူးမှ မူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိနိုင်ရန် အထောက်အပံ့များစွာ လိုအပ်နေကြောင်း၊ စာရင်ဇယားများ စုဆောင်း ကောက်ခံပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ တစ်ဆင့် နိုင်ငံတော်အဆင့်အထိတင်ပြထားကြောင်း၊ လောလောဆယ် ပျက်စီဆုံးရှုံးမှုများကို ပြန်လည် ပြင်ဆင်ရန် အတွက် ငွေကြေး တစ်ချို့တစ်ဝက်ကို ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ဇွန်လ ရ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပြီး မိုးရာသီမကျမီ ပျက်စီးအဆောက်အဦများကို အမြန်ဆုံးပြန်လည်ပြုပြင်ပြီး မူလအခြေအတိုင်းပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မောင်တောအခြေအနေနှင့် ပတ်သက်ပြီးလည်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးမှ လျှောက်ထားခဲ့ရာ မောင်တောမြို့နယ်မှာ အစွန်ဆုံး နယ်စပ်မြို့ အဖြစ်တည်ရှိနေပြီး တိုင်းရင်းသားလူဦးရေ နေထိုင်မှု ရာခိုင်နှုန်းမှာ အလွန် နည်းပါးပါကြောင်း၊ ရာခိုင်နှုန်း အနေဖြင့် ကြည့်မယ်ဆိုလျှင် တိုင်းရင်းသားများ ၃ ရာခိုင်နှုန်းသာရှိကြောင်း၊ သို့အတွက် တိုင်းရင်းသား မျိုးနွယ်စု ရေရှည်ရပ်တည် နေထိုင်နိုင်ရေး အတွက် အချုပ်အချာအာဏာကို မစွန့်လွတ်ရအောင် တည်ဆောက်နေပါကြောင်း၊ ဤဒေသသည် ဗုဒ္ဓဘာသာဝင် ရာခိုင်နုန်း အမတန်မှ နည်းပါးနေသည့် အတွက် သာသနိက အဆောက်အအုံများ ယခုထက် ပိုမို အဓွန့် ရှည်တည်တံ့ နိုင်ဖို့အတွက် ဆက်လက်ပြီး ဆောင်ရွက်ရန် များစွာလိုအပ်နေသေးပါကြောင်း လျှောက်ထား ခဲ့သည်ဟု သိရသည်။

ဆရာတော်များကလည်း ဤဒေသ၊ ဤနယ်မြေ၊ ဤနေရာကို အကြောင်းပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနှင့် အမျိုးသားရေးစိတ်ဓါတ် နိုးကြားလာကြကြောင်း၊ ၂၀၁၂ ဖြစ်စဉ်မှစပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ဖြစ်စဉ်များကြောင့် ဤဒေသအပေါ် မြန်မာပြည်သူများက အထူး အာရုံစိုက် လာခဲ့ကြကြောင်း၊ အောက်တိုဘာ အကြမ်းဖက်မူသည် တစ်ဖက်က ကြည့်မည်ဆိုလျင် ဒီဒေသ အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုဟု ယူဆနိုင်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ပြောကြားရမည်ဆိုလျှင် မောင်တောခရိုင်တွင် နေထိုင်ကြသည့် တိုင်ရင်းသားပြည်သူများ အပေါ် တစ်နိုင်ငံလုံးမှ ကိုယ်ချင်းစာနာစိတ်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ထောက်ထား ကူညီလိုတဲ့စိတ်များနှင့် အတူ တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးသားရေးစိတ်များ ပေါက်ဖွားလာခဲ့ကြောင်း ပြောကြားသည်။

အခမ်းအနားအား မွန်းလွဲ ၃ နာရီတွင် ဗုဒ္ဓသာဿနံ စီရံ ထိဋ္ဌတု သုံးကြိမ်ရွက်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရပါသည်။

ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်း နှင့် ဓမ္မဝံသာနု ရက္ခိတအသင်းသည် ရသေ့တောင်မြို့ နယ် လေဘေးသင့် ဘုန်းတော်ကြီး ကျောင်းများ နှင့် လေဘေးသင့်ပြည်သူများအတွက် ငွေကျပ်လေးဆယ့်ငါး သိန်းခြောက်သောင်းကျပ် ငါးခြောက် ပိဿာချိန် သုံးထောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...