၀က်ဆီကို အသုံးပြုရာမှ ကလေးငယ် ၁၃ ဦး အစာအဆိပ်သင်ခဲ့ရဟုဆို

၀က်ဆီကို အသုံးပြုရာမှ ကလေးငယ် ၁၃ ဦး အစာအဆိပ်သင်ခဲ့ရဟုဆို
by -
နိရဥ္စရာ
စစ်တွေမြို့ နေပူရပ်ကွက်မှ ကလေးငယ် ၁၃ ဦးကို အစာအဆိပ်သင့်ခဲ့ရခြင်းမှာ ၀က်ဆီကို အသုံးပြုရာမှ အဆိပ်သင့်ခြင်း ဖြစ်နိုင်ကြောင်း ခေါက်ဆွဲကြော်/ ထမင်းကြော် ရောင်းချနေသည့် အမျိုးသမီး ဒေါ်နုနုခင်က ပြောဆိုသည်။

“ ဘာကြောင့် အစာအဆိပ် သင့်ရတယ်ဆိုတာ ကျွန်မအနေနဲ့ တိတိကျကျ မသိရှိရပေမယ့် စားအုန်းဆီ မလောက်တော့ ၀က်ဆီကို သုံးမိရာမှ ဖြစ်ပွားသလားလို့ ထင်မြင်မိပါတယ်” ဟု ခေါက်ဆွဲကြော် ရောင်းချသူ ဒေါ်နုနုခင်က ပြောဆိုသည်။

စစ်တွေမြို့ နေပူခံရပ်ကွက်တွင် ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ရပ်ကွက်ထဲ ရောင်းချနေသော ခေါက်ဆွဲကြော် စားမိရမှ အော့အန်ခြင်း၊ ၀မ်းသွားခြင်းဖြစ်၍ အမျိုးသမီးငယ် တစ်ဦး အပါအဝင် ကလေးငယ် ၁၃ ဦးကို တစ်ဦး စစ်တွေဆေးရုံကြီးသို့ တင်ပို့ပြီး ဆေးကုသမှုခံယူခဲ့ရသည်။

အစာအဆိပ်သင့်ရခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး တာဝန်ကျဆရာဝန်အား မေးမြန်းသော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိချေ။သို့သော် မိသားစုများကမူ မသန့်ရှင်းသည့် အစာကို စားရာမှ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောကြားသည်။

“နံနက် ၈ နာရီခွဲလောက်က ခေါက်ဆွဲကြော် စားမိရာကနေ အော့အန်တာ ၀မ်းသွားတာ ဖြစ်တဲ့အတွက် နေ့လယ် ၁၂ နာရီလောက်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ အခုတော့ အော့အန်ခြင်း မရှိတော့ဘူး။ ၀မ်းသွားတာလည်း သက်သာသွားပါပြီ”ဟု ဒေါ်လှမသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းအစာအဆိပ်သင့် ကလေးငယ်များကို ကြည့်ရှုရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ ညနေ ၅ နာရီခန့်တွင် စစ်တွေ ဆေးရုံကြီးသို့ ရောက်ရှိလာပြီး၊ ကလေးငယ်များကို အားပေးစကားပြောကြားကာ လူနာတစ်ဦးလျှင် ငွေ တစ်သောင်းကျပ်စီ ထောက်ပံ့ ကူညီခဲ့သည်

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...