ရခိုင်မြောက်ပိုင်း မုန်တိုင်းပြင်းထန်စွာဝင်ရောက်တိုက်ခတ်၊ အပျက်အစီးများ၊ နံနက်လင်းသော်လည်း မုန်တိုင်းဆက်တိုက်နေဆဲ၊

ရခိုင်မြောက်ပိုင်း မုန်တိုင်းပြင်းထန်စွာဝင်ရောက်တိုက်ခတ်၊ အပျက်အစီးများ၊ နံနက်လင်းသော်လည်း မုန်တိုင်းဆက်တိုက်နေဆဲ၊
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ မုန်တိုင်း ည ၁၀ နာရီ ကျော်မှ ၀င်ရောက် တိုက်ခတ်နေရာ ယနေ့ နံနက်ထိ မုန်တိုင်းမှာ အားကောင်းစွာဖြင့် တိုက်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

မုန်တိုင်း တိုက်ခတ်မှုကြောင့် လက်ရှိ သိရှိရသည်မှာ စစ်တွေ ဆတ်ရိုးကျ တစ်ဖက်ကမ်း ဗျိုင်းဖြူရွာတွင် အိန္ဒိယ အစိုးရမှ ဆောက်ပေးသော စာသင်ကျောင်းမှာ ခေါင်းမိုးများ လုံးဝ လွှင့်ထွက်သွားပြီး တစ်ခြား ကျောင်းဆောင် ခေါင်းမိုး တစ်ခုမှာလည်း လုံးဝ ပျက်စီးသွားပြီဟု ဗျိုင်းဖြူရွာသား ဦးမြထွန်းက ယနေ့ နံနက် ၆ နာရီက နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဆက် ပြောဆိုသည်။

၎င်းအပြင် သစ်ပင်အများအပြားမှာ အမြစ်များကျွတ်ထွက် ပြိုလဲမှုများ ရှိကြောင်း၊ အိမ်အများအပြားမှာလည်း ပျက်စီးကြောင်း ပြောကြားသည်။

“ နံနက် ၁၀ နာရီမှာ မုန်တိုင်း စဝင်ပါတယ်။ ညဥ့် ၂ နာရီမှာ ပြင်းထန်လာပါတယ်။ အခုထိ အရှိန်မကျသေးဘဲ ဆက်တိုက်နေပါတယ်” ဟု ဦးမြထွန်းက ပြောဆိုသည်။

အလားတူ စစ်တွေ မင်းဂံ အကွက် (၈) ရှိ အောင်သိဋ္ဌိပဌာန်းကျောင်း ခေါင်းမိုးမှာ လုံးဝ လွင့်ပါ ပျက်စီးသွားခဲ့ပြီဟု သိရသည်။

မုန်တိုင်း၏ တိုက်ခတ်မှုနှုန်းမှာ တစ်နာရီ မိုင် ၈၀ ခန့် (မဟုတ်လျှင်) တစ်တနာရီ မိုင် ၁၀၀ ခန့် ရှိနိုင်သည်ဟု ဒေသခံများက ပြောဆိုပြီး အပျက်အစီး အလွန်များမည်ဟု ဒေသခံများက ပြောဆိုသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...