မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းအား ယမန်နေ့ရုံးထုတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟုဆို

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းအား ယမန်နေ့ရုံးထုတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးတွင် မတရားအသင်းနှင့်ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)/ ၁၇(၂) နှင့် ဖမ်းဆီးထားသည့် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း တို့အား မေလ ၂ ရက်နေ့တွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုမရှိဟု သဘာဝနဒီဆရာတော် က နိရဥ္စရာသို့ ပြောသည်။

“ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့အား ဒုတိယအကြိမ်မြောက် ရုံးထုတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဘူး။ တရားရုံးခြံဝင်းထဲကိုတော့ ဝင်ရတယ်။ ဒါပေမယ့် တရားရုံးထဲကို နားထောင်ခွင့်မပေးဘူး။ မဝင်ရဘူး။ ရှေ့နေ ၂ ယောက်သာဝင်ခွင့်ရတယ်” ဟု သဘာဝနဒီ ဆရာတော် ကနိရဥ္စရာ သို့ ပြောသည်။

မြတန်ဆောင်းဆရာတော်၏ တပည့်များမှ “မင်းတို့ မတရားဖမ်းထားတဲ့ ကျွန်တော်တို့ဆရာကို ပြန်ပေး” ဆိုသည့် ဗီနိုင်းများ ရုံးထုတ်ရာတွင် ကိုင်ဆောင်ကာ သူတို့၏ ဆန္ဒ သဘောထားကို ထုတ်ဖော်ခဲ့သည် ဟု ဆရာတော်ကဆိုသည်။

အဆိုပါ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့မှာ (၈)ကြိမ်မြောက် ရခိုင်တပ်မတော်နေ့ ကို ပြုလုပ်၍ ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး လာမည့် မေလ ၈ ရက်နေ့တွင် ထပ်မံ ရုံးထုတ်သွားမည် ဟုသိရသည်။

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့သည် ကျောင်းဝင်းထဲတွင် ရက္ခိုင့်တပ်မတော် AA Cup လူငယ် ဘောလုံးပွဲကျင်းပရာမှ ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...