“ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့အား ဒုတိယအကြိမ်မြောက် ရုံးထုတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဘူး။ တရားရုံးခြံဝင်းထဲကိုတော့ ဝင်ရတယ်။ ဒါပေမယ့် တရားရုံးထဲကို နားထောင်ခွင့်မပေးဘူး။ မဝင်ရဘူး။ ရှေ့နေ ၂ ယောက်သာဝင်ခွင့်ရတယ်” ဟု သဘာဝနဒီ ဆရာတော် ကနိရဥ္စရာ သို့ ပြောသည်။
မြတန်ဆောင်းဆရာတော်၏ တပည့်များမှ “မင်းတို့ မတရားဖမ်းထားတဲ့ ကျွန်တော်တို့ဆရာကို ပြန်ပေး” ဆိုသည့် ဗီနိုင်းများ ရုံးထုတ်ရာတွင် ကိုင်ဆောင်ကာ သူတို့၏ ဆန္ဒ သဘောထားကို ထုတ်ဖော်ခဲ့သည် ဟု ဆရာတော်ကဆိုသည်။
အဆိုပါ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့မှာ (၈)ကြိမ်မြောက် ရခိုင်တပ်မတော်နေ့ ကို ပြုလုပ်၍ ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး လာမည့် မေလ ၈ ရက်နေ့တွင် ထပ်မံ ရုံးထုတ်သွားမည် ဟုသိရသည်။
မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့သည် ကျောင်းဝင်းထဲတွင် ရက္ခိုင့်တပ်မတော် AA Cup လူငယ် ဘောလုံးပွဲကျင်းပရာမှ ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။







