စစ်တွေမြို့တွင် (၂) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ ကျင်းပမည်

စစ်တွေမြို့တွင် (၂) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ ကျင်းပမည်
by -
မွန်သတင်းအေဂျင်စီ
ရခိုင်ပြည်နယ်မှ လူမျိုးစု တစ်ခု ဖြစ်သော မရမာကြီးတိုင်းရင်းသားများ၏ (၂)ကြိမ်မြောက် အမျိုးသားနေ့ကိုု ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် မရမာကြီးကျောင်းဟောင်း၌ မေလ ၁ဝ ရက် ကဆုန်လပြည့်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Narinjara2801“ကျွန်တော်တို့ မရမာကြီးအမျိုးသားတွေအားလုံး စည်းလုံးညီညွတ်မှုအားကောင်းဖို့ကို အဓိက ရည်ရွယ်ပါတယ်။ နောက်တစ်ခုက ပညာရေး၊ လူမှုရေး၊ အမျိုးသားရေးတွေမှာ အဆင့်တစ်ခု ရောက်စေချင်လို့ပါ” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းထွန်းက နိရဥ္စရာသို့ ပြောသည်။

မရမာကြီးတိုင်းရင်းသားများအနေဖြင့် ပါတီနိုင်ငံံရေးလုပ်ဆောင်မည့်အစီအစဉ်မရှိကြောင်းနှင့် ယခုကဲ့သို့ အမျိုးသားနေ့များကိုကျင်းပခြင်းမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပညာရေး၊ လူမှုရေး၊ အမျိုးသားရေးတို့ကိုသာ အဓိကရည်ရွယ်ကြောင်း သူက ဆက်ပြောသည်။

မရမာကြီးတိုုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် လူနည်းစုတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ပြန့်ကျဲနေထိုင်လျက်ရှိသည်။

မရမာတိုင်းရင်းသားများအနေဖြင့် ပထမအကြိမ် မရမာကြီးအမျိုးသားနေ့ကို ၂ဝ၁၆ ခုနှစ် မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ မရမာကြီးရတနာ့ဗိမာန်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...