“ကျွန်တော်တို့ မရမာကြီးအမျိုးသားတွေအားလုံး စည်းလုံးညီညွတ်မှုအားကောင်းဖို့ကို အဓိက ရည်ရွယ်ပါတယ်။ နောက်တစ်ခုက ပညာရေး၊ လူမှုရေး၊ အမျိုးသားရေးတွေမှာ အဆင့်တစ်ခု ရောက်စေချင်လို့ပါ” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းထွန်းက နိရဥ္စရာသို့ ပြောသည်။
မရမာကြီးတိုင်းရင်းသားများအနေဖြင့် ပါတီနိုင်ငံံရေးလုပ်ဆောင်မည့်အစီအစဉ်မရှိကြောင်းနှင့် ယခုကဲ့သို့ အမျိုးသားနေ့များကိုကျင်းပခြင်းမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပညာရေး၊ လူမှုရေး၊ အမျိုးသားရေးတို့ကိုသာ အဓိကရည်ရွယ်ကြောင်း သူက ဆက်ပြောသည်။
မရမာကြီးတိုုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် လူနည်းစုတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ပြန့်ကျဲနေထိုင်လျက်ရှိသည်။
မရမာတိုင်းရင်းသားများအနေဖြင့် ပထမအကြိမ် မရမာကြီးအမျိုးသားနေ့ကို ၂ဝ၁၆ ခုနှစ် မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ မရမာကြီးရတနာ့ဗိမာန်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။







