နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် ရာဘာ စပိဘုတ်ဖြင့် နတ်မြစ်အတွင်း နံနက် ၁နာရီ ၃၀ မိနစ်အချိန်တွင် တိုက်ကင်း လှည့် တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ် ပစ်မှတ်တစ်ခုအားတွေ့ရှိ၍ မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ့ ဦးစောလှကျွန်းဘက် သို့ ထွက်ပြေးသွားခဲ့သည်ကြောင်း၊ သို့အတွက်နယ်ခြားစောင့် တပ်ဖွဲ့မှ MA-11 လက်နက်ငယ်ဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ လှေပေါ် ပါလာသူများသည် ဦးရှေကျ ချောင်းဝ မှ ဦးစောလှ ကျွန်ကမ်းစပ်အနီး ဒီရေတောအတွင်းသို့ ထွက်ပြေးသွားကာ ကမ်းပေါ်သို့ တက်ပြေးသွားကြောင်း သိရသည်။
၎င်း မှောင်ခိုသမားများ ထွက်ပြေးသွားသည့် နေရာသည် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ချောင်းဝ အနောက်ဘက် ၁ ဒသမ ၂ မိုင်ခန့်အကွာ တွင် ဖြစ်ကြောင်း သူက ပြောကြားသည်။
တရားခံများ ကမ်းပေါ်တက်ပြေးရာ ဒီရေတောအား နယ်ခြားစောင့်တပ်ဖွဲ့မှ လိုက်လံရှင်းလင်းရာ လက်ခတ်လှေ ၁ စီး(အလျား ၂၀ ပေ၊ အနံ ၃ ပေခန့်) ရှိ လှေတစ်စီးနှင့် ပလက်စတိတ် အိတ်ဖြင့် ထုတ်ထားသည့် အထုတ် ၁ ထုတ် အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော အထုတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၈၀၀၀၀ကို ရှာဖွေ စစ်ဆေး ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
ညအချိန်မြင်ကွင်း ကန့်သတ်ချက်တို့ ကြောင့် တရားခံများကို ဖမ်းဆီးရမိခြင်းမရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းမှ ညအချိန် အမှောင်ထုကို အခွင့်ကောင်းယူကာ တစ်ဘက်နိုင်ငံသို့ ၎င်းဆေးပြားများကို ပို့ဆောင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း နယ်ခြားစောင့်ရဲအရာရှိက ပြောကြားသည်။







