သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ဘင်္ဂလာဖက်သို့ သယ်ဆောင်သည့် စိတ်ကြွဆေးပြား ၁၈၀၀၀၀ကို ဖမ်းဆီးရမိ

သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ဘင်္ဂလာဖက်သို့ သယ်ဆောင်သည့် စိတ်ကြွဆေးပြား ၁၈၀၀၀၀ကို ဖမ်းဆီးရမိ
by -
နိရဥ္စရာ
မြန်မာနိုင်ငံ မောင်တောမြို့နယ် နတ်မြစ်အတွင်း တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ပို့ဆောင်ရန် ယူဆောင်လာသည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈၀,၀၀၀ ကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီး ရမိခဲ့သည်ဟု နယ်ခြားစောင့်ရဲ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။

njr2701နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် ရာဘာ စပိဘုတ်ဖြင့် နတ်မြစ်အတွင်း နံနက် ၁နာရီ ၃၀ မိနစ်အချိန်တွင် တိုက်ကင်း လှည့် တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ် ပစ်မှတ်တစ်ခုအားတွေ့ရှိ၍ မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ့ ဦးစောလှကျွန်းဘက် သို့ ထွက်ပြေးသွားခဲ့သည်ကြောင်း၊ သို့အတွက်နယ်ခြားစောင့် တပ်ဖွဲ့မှ MA-11 လက်နက်ငယ်ဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ လှေပေါ် ပါလာသူများသည် ဦးရှေကျ ချောင်းဝ မှ ဦးစောလှ ကျွန်ကမ်းစပ်အနီး ဒီရေတောအတွင်းသို့ ထွက်ပြေးသွားကာ ကမ်းပေါ်သို့ တက်ပြေးသွားကြောင်း သိရသည်။

၎င်း မှောင်ခိုသမားများ ထွက်ပြေးသွားသည့် နေရာသည် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ချောင်းဝ အနောက်ဘက် ၁ ဒသမ ၂ မိုင်ခန့်အကွာ တွင် ဖြစ်ကြောင်း သူက ပြောကြားသည်။

တရားခံများ ကမ်းပေါ်တက်ပြေးရာ ဒီရေတောအား နယ်ခြားစောင့်တပ်ဖွဲ့မှ လိုက်လံရှင်းလင်းရာ လက်ခတ်လှေ ၁ စီး(အလျား ၂၀ ပေ၊ အနံ ၃ ပေခန့်) ရှိ လှေတစ်စီးနှင့် ပလက်စတိတ် အိတ်ဖြင့် ထုတ်ထားသည့် အထုတ် ၁ ထုတ် အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော အထုတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၈၀၀၀၀ကို ရှာဖွေ စစ်ဆေး ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

ညအချိန်မြင်ကွင်း ကန့်သတ်ချက်တို့ ကြောင့် တရားခံများကို ဖမ်းဆီးရမိခြင်းမရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းမှ ညအချိန် အမှောင်ထုကို အခွင့်ကောင်းယူကာ တစ်ဘက်နိုင်ငံသို့ ၎င်းဆေးပြားများကို ပို့ဆောင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း နယ်ခြားစောင့်ရဲအရာရှိက ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...