မောင်တော အနောက်ဘက်နယ်စပ် သေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်လာမှုကြောင့် ပြည်သူများ အကြား စိုးရိမ်မှုတိုးပွား

မောင်တော အနောက်ဘက်နယ်စပ် သေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်လာမှုကြောင့် ပြည်သူများ အကြား စိုးရိမ်မှုတိုးပွား
by -
နိရဥ္စရာ
မတ်လ ၂၂ ရက်နေ့ ညဥ့် ၁၀ နာရီမှ ၁၁ ခွဲထိ မောင်တောမြို့နယ် အနောက်ဘက်နယ်စပ်တွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ဒေသခံ ပြည်သူများ အကြားအထူး စိုးရိမ်မှုများ တိုးပွားခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

အောင်သပြေကျေးရွာ ဒေသခံ တစ်ဦးက “ ညဥ့် ၁၀ နာရီကျော်ခန့်မှာ နယ်စပ် ဗန္ဓု စခန်းဘက်က သေနတ်သံတွေ ဆက်တိုက်ထွက်လာပါတယ်။ အိုတိုပစ်ခတ်သံတွေ ကြားရပါတယ်။ အဲဒီနောက် အောင်သပြေ စခန်းဘက်ကလည်း သေနတ်သံတွေ ထွက်ပေါ်လာပါတယ်” ဟု မတ်လ ၂၂ ရက် ညဥ့် ၁၁ နာရီတွင် နိရဥ္စရာသို့ ဆက်သွယ် ပြောကြားသည်။

ထိုသို့ သေနတ်သံများ ပစ်ခတ်မှုကြောင့် ဒေသခံများအကြား အထူးစိုးရိမ်မိခဲ့ကြောင့် အောင်သပြေ ကျေးရွာသားက ဆက်လက် ပြောကြားသည်။

“ ခုလို ညဥ့်အချိန်မှာ သေနတ်သံတွေ ဆက်တိုက်ထွက်လာတော့ ဒီမှာရှိတဲ့ လူတွေက အထူး စိုးရိမ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ရွာမှာဆိုရင် လူတွေ အကုန်လုံး မအိပ်ဘဲနဲ့ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ခဲ့ပါတယ်။ သေနတ်သံက ညဥ့် ၁၂ နာရီ မထိုးခင် ရပ်သွားခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မောင်တောခရိုင် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာ ပြန်လည် တုန့်ပြန် ဖြေကြားခြင်း မရှိပါ။

ဒေသအတွင်းမှ အစိုးရ တာဝန်ရှိသူများနှင့် နီးစပ်သူ တစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ သူက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်နိုင်ဟု သတင်းတစ်ခုရထားသဖြင့် စခန်းပတ်ဝန်းကျင်ကို ခြောက်လှန့်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...