မောင်တော အနောက်ဘက်နယ်စပ် သေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်လာမှုကြောင့် ပြည်သူများ အကြား စိုးရိမ်မှုတိုးပွား

မောင်တော အနောက်ဘက်နယ်စပ် သေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်လာမှုကြောင့် ပြည်သူများ အကြား စိုးရိမ်မှုတိုးပွား
by -
နိရဥ္စရာ
မတ်လ ၂၂ ရက်နေ့ ညဥ့် ၁၀ နာရီမှ ၁၁ ခွဲထိ မောင်တောမြို့နယ် အနောက်ဘက်နယ်စပ်တွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ဒေသခံ ပြည်သူများ အကြားအထူး စိုးရိမ်မှုများ တိုးပွားခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

အောင်သပြေကျေးရွာ ဒေသခံ တစ်ဦးက “ ညဥ့် ၁၀ နာရီကျော်ခန့်မှာ နယ်စပ် ဗန္ဓု စခန်းဘက်က သေနတ်သံတွေ ဆက်တိုက်ထွက်လာပါတယ်။ အိုတိုပစ်ခတ်သံတွေ ကြားရပါတယ်။ အဲဒီနောက် အောင်သပြေ စခန်းဘက်ကလည်း သေနတ်သံတွေ ထွက်ပေါ်လာပါတယ်” ဟု မတ်လ ၂၂ ရက် ညဥ့် ၁၁ နာရီတွင် နိရဥ္စရာသို့ ဆက်သွယ် ပြောကြားသည်။

ထိုသို့ သေနတ်သံများ ပစ်ခတ်မှုကြောင့် ဒေသခံများအကြား အထူးစိုးရိမ်မိခဲ့ကြောင့် အောင်သပြေ ကျေးရွာသားက ဆက်လက် ပြောကြားသည်။

“ ခုလို ညဥ့်အချိန်မှာ သေနတ်သံတွေ ဆက်တိုက်ထွက်လာတော့ ဒီမှာရှိတဲ့ လူတွေက အထူး စိုးရိမ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ရွာမှာဆိုရင် လူတွေ အကုန်လုံး မအိပ်ဘဲနဲ့ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ခဲ့ပါတယ်။ သေနတ်သံက ညဥ့် ၁၂ နာရီ မထိုးခင် ရပ်သွားခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မောင်တောခရိုင် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာ ပြန်လည် တုန့်ပြန် ဖြေကြားခြင်း မရှိပါ။

ဒေသအတွင်းမှ အစိုးရ တာဝန်ရှိသူများနှင့် နီးစပ်သူ တစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ သူက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်နိုင်ဟု သတင်းတစ်ခုရထားသဖြင့် စခန်းပတ်ဝန်းကျင်ကို ခြောက်လှန့်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...