မတ်လ ၁၂ ရက်နေ့ နေလည် ၂ နာရီအချိန်တွင် ဘူးသီးတောင်မြို့အေးစေတီကျောင်းတိုက်တွင် မြို့ပေါ် သံဃာတော်များ၊ အရပ်ဖက် လူမှုကူညီရေးအသင်းအဖွဲ့များအစည်အဝေးပြုလုပ်စဉ် ဘူသီးတောင်မြို့မစေတီတောင်နေ ဦးထွန်းအေးမောင်သည် ရုတ် တရက်မှုးလဲကျသွားပြီး အရေးပေါ်ကုသမှုခံယူရင်း ဘူးသီးတောင် ဆေးရုံ၌ အဆိုပါနေ့ ညနေ ၆ နာရီတွင် ကွယ်လွန်သွားခဲ့သည်။
ဦးထွန်းအေးမောင် မိသားစုအတွက် ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးပါတီမှအလှူ ငွေ (၅၀၀၀၀)ကျပ်၊ မောင်တော အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ(၅၀၀၀၀)ကျပ် နှင့် နာရေးနှင့် လူမှုကူညီရေးအသင်း ဘူးသီးတောင်မှ (၃၀၀၀၀) ကျပ် အသီးသီးပါ၀င်လှူဒါန်ခဲ့ကြသည်။
၎င်းအလှုငွေများကို အလှုရှင် များကိုယ်စား ဦးဦးသန်းလှိုင်(ဘူးသီးတောင်မြို့နယ် ရခိုင် အမျိုးပါတီ ဒုဥက္ကဌ) မှ တဆင့် မိသားစုသို့ ပေးအပ်ခဲ့ကြောင်း သိသည်။
ဦးထွန်းအေးမောင်သည် ၁၉၉၀ ခုနှစ် ရခိုင်ဒီမိုကရေစီအဖွဲချုပ်တွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင်ရခိုင်တိုင်းရင်းသားများတို့တက်ရေးပါတီတွင်လည်ကောင်း ၊ ၂၀၁၂ ခုနှစ် ရခိုင်အမျိုးသားပါတီ ပေါ်ပေါက်လာပြီးနောက် ပါတီတာဝန်များနှင့် အမျိုးသားရေးတာဝန်များကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်ဟုသိရပါသည်။
သူ့တွင် ဇနီးနှင့် သားသမီး ၂ ဦး ကျန်ရှိခဲ့သည်ဟု သိရသည်။ ဦးထွန်းအေးမောင်အား မတ် ၁၃ ရက် နေ့လယ် ၂ နာရီအချိန်တွင် ဘူးသီးတောင် သုဿန်၌ သင်္ဂြိုလ်ခဲ့သည်။







