နိုင်ငံသားစိစစ်ရေး ကဒ်ကိစ္စဆွေးနွေးပွဲတွင် မူးလဲသေဆုံးသူ၏ မိသားစုသို့ ထောက်ပံ့ကြေးပေးအပ်

နိုင်ငံသားစိစစ်ရေး ကဒ်ကိစ္စဆွေးနွေးပွဲတွင် မူးလဲသေဆုံးသူ၏ မိသားစုသို့ ထောက်ပံ့ကြေးပေးအပ်
by -
နိရဥ္စရာ
ဘူသီးတောင်မြို့ တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ နှင့်မညီဘဲ မောင်တော နှင့် ဘူသီးတောင် တွင် ဘင်္ဂလီများအား မှတ်ပုံတင်ထုတ်ပေးနေခြင်း အပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီး သပိတ်စခန်းများ ဖွင့်လှစ်ရန် အတွက် ဆွေးနွေးပွဲ ပြုလုပ်နေစဉ် သေဆုံးသွားခဲ့သည့် ဦးထွန်းအေးမောင် (ဘ)ဦးစံထွန်းအောင်(၅၃)နှစ်၏ မိသားစုသို့ အလှူငွေများ ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

မတ်လ ၁၂ ရက်နေ့ နေလည် ၂ နာရီအချိန်တွင် ဘူးသီးတောင်မြို့အေးစေတီကျောင်းတိုက်တွင် မြို့ပေါ် သံဃာတော်များ၊ အရပ်ဖက် လူမှုကူညီရေးအသင်းအဖွဲ့များအစည်အဝေးပြုလုပ်စဉ် ဘူသီးတောင်မြို့မစေတီတောင်နေ ဦးထွန်းအေးမောင်သည် ရုတ် တရက်မှုးလဲကျသွားပြီး အရေးပေါ်ကုသမှုခံယူရင်း ဘူးသီးတောင် ဆေးရုံ၌ အဆိုပါနေ့ ညနေ ၆ နာရီတွင် ကွယ်လွန်သွားခဲ့သည်။

ဦးထွန်းအေးမောင် မိသားစုအတွက် ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးပါတီမှအလှူ ငွေ (၅၀၀၀၀)ကျပ်၊ မောင်တော အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ(၅၀၀၀၀)ကျပ် နှင့် နာရေးနှင့် လူမှုကူညီရေးအသင်း ဘူးသီးတောင်မှ (၃၀၀၀၀) ကျပ် အသီးသီးပါ၀င်လှူဒါန်ခဲ့ကြသည်။

၎င်းအလှုငွေများကို အလှုရှင် များကိုယ်စား ဦးဦးသန်းလှိုင်(ဘူးသီးတောင်မြို့နယ် ရခိုင် အမျိုးပါတီ ဒုဥက္ကဌ) မှ တဆင့် မိသားစုသို့ ပေးအပ်ခဲ့ကြောင်း သိသည်။

ဦးထွန်းအေးမောင်သည် ၁၉၉၀ ခုနှစ် ရခိုင်ဒီမိုကရေစီအဖွဲချုပ်တွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင်ရခိုင်တိုင်းရင်းသားများတို့တက်ရေးပါတီတွင်လည်ကောင်း ၊ ၂၀၁၂ ခုနှစ် ရခိုင်အမျိုးသားပါတီ ပေါ်ပေါက်လာပြီးနောက် ပါတီတာဝန်များနှင့် အမျိုးသားရေးတာဝန်များကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်ဟုသိရပါသည်။

သူ့တွင် ဇနီးနှင့် သားသမီး ၂ ဦး ကျန်ရှိခဲ့သည်ဟု သိရသည်။ ဦးထွန်းအေးမောင်အား မတ် ၁၃ ရက် နေ့လယ် ၂ နာရီအချိန်တွင် ဘူးသီးတောင် သုဿန်၌ သင်္ဂြိုလ်ခဲ့သည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...