ပထမနေ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၄၁၆၈ ဦးရှိ

ပထမနေ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၄၁၆၈ ဦးရှိ
by -
နိရဥ္စရာ
မတ်လ ၈ ရက်နေ့က တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲ ပထမနေ့ ရခိုင်တစ်ပြည်နယ်လုံးတွင် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ကျောင်းသူ ဦးရေမှာ ၄၁၆၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ ပထမနေ့ ၀င်ရောက် ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ ဦးရေက ရခိုင်တစ်ပြည်နယ်လုံး ၃၈၄၃၆ ဦး ဖြေဆိုပါတယ်။ ပျက်ကွက်တာက ၄၁၆၈ ဦးရှိပါတယ်။ ၉ ရာခိုင်နှုန်းကျော် ပျက်ကွက်ပါတယ်” ဟု ဒေါ်အေးအေးစန်းက ပြောဆိုသည်။

ပထမနေ့ စာမေးပွဲနေ့တွင် ထူးခြား ဖြစ်စဉ်များ မရှိကြောင်းနှင့် အခြေအနေများ ပုံမှန်အတိုင်းပင် ရှိကြောင်း ဆရာမက ပြောဆိုသည်။

ယခုနှစ်တွင် စာစစ်ဌာန ၅ ကို ရခိုင်ပြည်နယ်၌ တိုးချဲ့ နိုင်ခဲ့ပြီး ၎င်း စာစစ်ဌာနများမှာ ပေါက်တောမြို့နယ် သဝင်ချောင်း၊ ပုဏ္ဍားကျွန်းမြို့နယ် အလယ်ချောင်း၊ မြောက်ဦးမြို့နယ် မြောင်းဘွေ၊ ကျောက်တော်မြို့နယ် ကန်စောက်နှင့် ဘူးသီးတောင်မြို့နယ် စေတီတောင် (အထကခွဲ) တို့ ဖြစ်ကြသည်ဟု ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက ပြောဆိုသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...