ပထမနေ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၄၁၆၈ ဦးရှိ

ပထမနေ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၄၁၆၈ ဦးရှိ
by -
နိရဥ္စရာ
မတ်လ ၈ ရက်နေ့က တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲ ပထမနေ့ ရခိုင်တစ်ပြည်နယ်လုံးတွင် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ကျောင်းသူ ဦးရေမှာ ၄၁၆၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ ပထမနေ့ ၀င်ရောက် ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ ဦးရေက ရခိုင်တစ်ပြည်နယ်လုံး ၃၈၄၃၆ ဦး ဖြေဆိုပါတယ်။ ပျက်ကွက်တာက ၄၁၆၈ ဦးရှိပါတယ်။ ၉ ရာခိုင်နှုန်းကျော် ပျက်ကွက်ပါတယ်” ဟု ဒေါ်အေးအေးစန်းက ပြောဆိုသည်။

ပထမနေ့ စာမေးပွဲနေ့တွင် ထူးခြား ဖြစ်စဉ်များ မရှိကြောင်းနှင့် အခြေအနေများ ပုံမှန်အတိုင်းပင် ရှိကြောင်း ဆရာမက ပြောဆိုသည်။

ယခုနှစ်တွင် စာစစ်ဌာန ၅ ကို ရခိုင်ပြည်နယ်၌ တိုးချဲ့ နိုင်ခဲ့ပြီး ၎င်း စာစစ်ဌာနများမှာ ပေါက်တောမြို့နယ် သဝင်ချောင်း၊ ပုဏ္ဍားကျွန်းမြို့နယ် အလယ်ချောင်း၊ မြောက်ဦးမြို့နယ် မြောင်းဘွေ၊ ကျောက်တော်မြို့နယ် ကန်စောက်နှင့် ဘူးသီးတောင်မြို့နယ် စေတီတောင် (အထကခွဲ) တို့ ဖြစ်ကြသည်ဟု ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက ပြောဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...