“ ပထမနေ့ ၀င်ရောက် ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ ဦးရေက ရခိုင်တစ်ပြည်နယ်လုံး ၃၈၄၃၆ ဦး ဖြေဆိုပါတယ်။ ပျက်ကွက်တာက ၄၁၆၈ ဦးရှိပါတယ်။ ၉ ရာခိုင်နှုန်းကျော် ပျက်ကွက်ပါတယ်” ဟု ဒေါ်အေးအေးစန်းက ပြောဆိုသည်။
ပထမနေ့ စာမေးပွဲနေ့တွင် ထူးခြား ဖြစ်စဉ်များ မရှိကြောင်းနှင့် အခြေအနေများ ပုံမှန်အတိုင်းပင် ရှိကြောင်း ဆရာမက ပြောဆိုသည်။
ယခုနှစ်တွင် စာစစ်ဌာန ၅ ကို ရခိုင်ပြည်နယ်၌ တိုးချဲ့ နိုင်ခဲ့ပြီး ၎င်း စာစစ်ဌာနများမှာ ပေါက်တောမြို့နယ် သဝင်ချောင်း၊ ပုဏ္ဍားကျွန်းမြို့နယ် အလယ်ချောင်း၊ မြောက်ဦးမြို့နယ် မြောင်းဘွေ၊ ကျောက်တော်မြို့နယ် ကန်စောက်နှင့် ဘူးသီးတောင်မြို့နယ် စေတီတောင် (အထကခွဲ) တို့ ဖြစ်ကြသည်ဟု ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက ပြောဆိုသည်။







