၂၀၁၆ ခုနှစ်အတွင်း ကျပ်ဘီလီယျံ ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ဟုဆို ရခိုင်ပြည်နယ်အစိုးရက လွှတ်တော်တွင်ရှင်းလင်း

၂၀၁၆ ခုနှစ်အတွင်း ကျပ်ဘီလီယျံ ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ဟုဆို ရခိုင်ပြည်နယ်အစိုးရက လွှတ်တော်တွင်ရှင်းလင်း
by -
နိရဥ္စရာ
ဓာတ်ပုံ- ပြည်နယ် ၀န်ကြီး ဦးကျော်အေးသိန်း လွှတ်တော်တွင် ရှင်းလင်းနေစဉ်
ဓာတ်ပုံ- ပြည်နယ် ၀န်ကြီး ဦးကျော်အေးသိန်း လွှတ်တော်တွင် ရှင်းလင်းနေစဉ်
ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ကျပ်ဘီလီယျံ ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်တွင်ရှင်းလင်းပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုစာရင်းများနှင့် ကာလတန်ဖိုးများကိုသိရှိလိုကြောင်း စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်ဦးအေးသိန်း၏မေးခွန်းနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြသွားခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်းဖမ်းဆီးရမိတဲ့ အမှုအရေအတွက်ကတော့ ၁၂၁ မှုရှိပြီးတော့ ကာလတန်ဖိုးအားဖြင့်တော့ ၅၆ ဒသမ ၃ဝ၅၉ ဘီလီယျံရှိခဲ့ပါတယ် “ဟု ဝန်ကြီး ဦးကျော်အေးသိန်းက လွှတ်တော်တွင် တင်ပြသွားသည်။

အဆိုပါဖမ်းဆီးရမိမှုမှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY စိတ်ကြွဆေးပြား များအပါအဝင် ဆေးခြောက်နှင့် မော်ဖိန်းတို့ဖြစ်ကြသည်။ အမှုနှင့်ဆက်စပ်သည့် တရားခံစုစုပေါင်း ၁၉၅ ဦးကိုလည်း ဖမ်းမိထားသည်ဟု ရခိုင်ပြည်နယ်အစိုးရက ဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...