၂၀၁၆ ခုနှစ်အတွင်း ကျပ်ဘီလီယျံ ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ဟုဆို ရခိုင်ပြည်နယ်အစိုးရက လွှတ်တော်တွင်ရှင်းလင်း

၂၀၁၆ ခုနှစ်အတွင်း ကျပ်ဘီလီယျံ ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ဟုဆို ရခိုင်ပြည်နယ်အစိုးရက လွှတ်တော်တွင်ရှင်းလင်း
by -
နိရဥ္စရာ
ဓာတ်ပုံ- ပြည်နယ် ၀န်ကြီး ဦးကျော်အေးသိန်း လွှတ်တော်တွင် ရှင်းလင်းနေစဉ်
ဓာတ်ပုံ- ပြည်နယ် ၀န်ကြီး ဦးကျော်အေးသိန်း လွှတ်တော်တွင် ရှင်းလင်းနေစဉ်
ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ကျပ်ဘီလီယျံ ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်တွင်ရှင်းလင်းပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုစာရင်းများနှင့် ကာလတန်ဖိုးများကိုသိရှိလိုကြောင်း စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်ဦးအေးသိန်း၏မေးခွန်းနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြသွားခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်းဖမ်းဆီးရမိတဲ့ အမှုအရေအတွက်ကတော့ ၁၂၁ မှုရှိပြီးတော့ ကာလတန်ဖိုးအားဖြင့်တော့ ၅၆ ဒသမ ၃ဝ၅၉ ဘီလီယျံရှိခဲ့ပါတယ် “ဟု ဝန်ကြီး ဦးကျော်အေးသိန်းက လွှတ်တော်တွင် တင်ပြသွားသည်။

အဆိုပါဖမ်းဆီးရမိမှုမှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY စိတ်ကြွဆေးပြား များအပါအဝင် ဆေးခြောက်နှင့် မော်ဖိန်းတို့ဖြစ်ကြသည်။ အမှုနှင့်ဆက်စပ်သည့် တရားခံစုစုပေါင်း ၁၉၅ ဦးကိုလည်း ဖမ်းမိထားသည်ဟု ရခိုင်ပြည်နယ်အစိုးရက ဆိုသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...