ဂွကမ်းခြေတွင်ဖမ်းမိသည့်ဘင်္ဂါလီများအား လဝကဥပဒေဖြင့်အရေးယူမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးပြော

ဂွကမ်းခြေတွင်ဖမ်းမိသည့်ဘင်္ဂါလီများအား လဝကဥပဒေဖြင့်အရေးယူမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးပြော
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဂွမြို့နယ် ဇီးကုန်းကျေးရွာအနီးရှိကမ်းခြေတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖမ်းမိခဲ့သည့် ဘင်္ဂါလီများအား လဝကဥပဒေဖြင့်အရေးယူသွားမည်ဟု ဂွမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဝင်းက နိရဥ္စရာသို့ပြောသည်။

“သူတို့ကို အရေးယူဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က ဥပဒေနဲ့လုပ်တယ်ဆိုတော့ ဥပဒေအရပဲ အရေးယူမှာပါ။ ဒါက လူဝင်မှုနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် လဝကဥပဒေနဲ့ပဲအရေးယူမှာပါ “ဟု ရဲမှူး တင်ဝင်းက ဆိုသည်။

အဆိုပါဘင်္ဂါလီများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဂွမြို့နယ်ကမ်းခြေတွင် စက်လှေတစ်စီးပေါ်၌ ဘင်္ဂါလီအမျိုးသား (၉)ဦးနှင့် အစာငတ်ပြတ်သေဆုံးနေသည့် ဘင်္ဂါလီအမျိုးသား(၁)လောင်းတို့အား ငါးဖမ်းပိုက်ကွန်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမေးမြန်းချက်အရ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုလ်ကတ္တားမှဖြစ်ပြီး ဇန်နဝါရီလအတွင်း ထွက်ခွာလာစဉ် ပင်လယ်ပြင်တွင် အစာငတ်ပြတ်ကာ ယခုကဲ့သို့ ကမ်းကပ်လာခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၏သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်နေသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာက သီးခြားအတည်ပြုချက်မရသေးပါ။

လက်ရှိတွင် သူတို့ကို ဂွမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ထိန်းသိမ်းထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...