“သူတို့ကို အရေးယူဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က ဥပဒေနဲ့လုပ်တယ်ဆိုတော့ ဥပဒေအရပဲ အရေးယူမှာပါ။ ဒါက လူဝင်မှုနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် လဝကဥပဒေနဲ့ပဲအရေးယူမှာပါ “ဟု ရဲမှူး တင်ဝင်းက ဆိုသည်။
အဆိုပါဘင်္ဂါလီများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဂွမြို့နယ်ကမ်းခြေတွင် စက်လှေတစ်စီးပေါ်၌ ဘင်္ဂါလီအမျိုးသား (၉)ဦးနှင့် အစာငတ်ပြတ်သေဆုံးနေသည့် ဘင်္ဂါလီအမျိုးသား(၁)လောင်းတို့အား ငါးဖမ်းပိုက်ကွန်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမေးမြန်းချက်အရ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုလ်ကတ္တားမှဖြစ်ပြီး ဇန်နဝါရီလအတွင်း ထွက်ခွာလာစဉ် ပင်လယ်ပြင်တွင် အစာငတ်ပြတ်ကာ ယခုကဲ့သို့ ကမ်းကပ်လာခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၏သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်နေသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာက သီးခြားအတည်ပြုချက်မရသေးပါ။
လက်ရှိတွင် သူတို့ကို ဂွမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ထိန်းသိမ်းထားသည်။







