ကေအိုင်အိုဥက္ကဋ္ဌဟောင်း ဦးမလိဇွပ်ဇော်မိုင် လူကြီးရောဂါဖြင့် ကွယ်လွန်

ကေအိုင်အိုဥက္ကဋ္ဌဟောင်း ဦးမလိဇွပ်ဇော်မိုင် လူကြီးရောဂါဖြင့် ကွယ်လွန်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) စတင်တည်ထောင်သူ ရ ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သူ ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဦးမလိဇွပ်ဇော်မိုင်သည် ရန်ကုုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသနေရာမှ လူကြီးရောဂါဖြင့် ယနေ့ ကွယ်လွန်သွားကြောင်း သိရသည်။

KIO 0ဦးမလိဇွပ်ဇော်မိုင်သည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက လူကြီးရောဂါဖြင့် အာရှတော်ဝင်ဆေးရုံတွင် ဆေးကုုသနေခဲ့ခြင်းဖြစ်ပြီး ယနေ့ (အောက်တိုဘာ ၂၇) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဦးမလိဇွပ်ဇော်မိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးဖြစ်သည့် ဒေါ်ခွန်ဂျာက ပြောသည်။

အသက် ၈၁ နှစ်ရှိ ဦးမလိဇွပ်ဇော်မိုင်၏ ရုပ်အလောင်းကုုိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ သူ၏ နေအိမ်သို့ ပြန်သယ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပြီး နိုဝင်ဘာလ ၁ရက်နေ့တွင် သဂြိုလ်မည်ဖြစ်သည်။

“ လူကြီးရောဂါနဲ့ ကွယ်လွန်တယ်လို့ပဲ ပြောရမှာပေါ့။ ဒီမနက် ၅ နာရီခွဲမှာ သူ့လက်ထက်မှာပဲ ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်မှာ  အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲတာ ၁၇ နှစ်ကြာ ခံတယ်ပေါ့။ တစ်လျှောက်လုံး နယ်မြေအေးချမ်းရေး၊ ကချင်ဒေသအေးချမ်းရေးအတွက်ပဲ ဦးစားပေးခဲ့တဲ့သူ ဖြစ်တယ်ပေါ့  “ ဟု ဒေါ်ခွန်ဂျာ က ပြောဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) စတင်တည်ထောင်သူ ရ ဦးရှိခဲ့ပြီး ဥက္ကဋ္ဌ ဦးဇော်တူး၊ ပထမ အတွင်းရေးမှူး ဦးဇော်ယူးတူးလွမ်၊ ဒုုတိယ အတွင်းရေးမှူး ဦးမလိဇွပ် ဇော်မိုင်၊ အဖွဲ့ဝင်များဖြစ်သော ဦးပုန်ရွှေဇော်ဆိုင်း၊ ဦးကေဒီဘရန်ဂမ်၊ ဦးနဖေါ့ဂွမ်ဂျောင်၊ ဦးမလန်ရှောင် တို့ ဖြစ်သည်။

အသက် ၈၁ နှစ် ဦးမလီဇွပ်ဇော်မိုင်သည် ၁၉၉၄ ခုနှစ်က ယခင်အစိုးရနှင့် KIO အကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှုတွင် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။

သူသည် KIO တွင် ဒုဥက္ကဋ္ဌတာဝန်နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တာဝန်ပူးတွဲ ထမ်းဆောင်ခဲ့ပြီး ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေချိန် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် တာဝန်မှ ရပ်စဲခဲ့ခြင်း ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...