လွိုင်ကော်၌ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို စစ်အုပ်စုတပ် ငွေညှစ်စစ်ဆေး

လွိုင်ကော်၌ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို စစ်အုပ်စုတပ် ငွေညှစ်စစ်ဆေး
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း

စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport) လာရောက် ပြုလုပ်သူများကို တော်လှန်ရေးနှင့် ဆက်နွယ်မှု ရှိ၊ မရှိ စစ်ဆေးမေးမြန်းနေသည်ဟု လျှောက်ထားသူများက ပြောသည်။

ကိုယ်တိုင် အစစ်ဆေးခံခဲ့ရသူ တစ်ဦးက “ဒီးမော့ဆိုတို့ ဖားဆောင်းက လူတွေဆို မင်းမာဝီနဲ့ သိမှာပေါ့။ ဘာလို့ ထိုင်းဘက်ကို မကူးသွားတာလဲ အဲ့လိုတွေမေးတယ်” ဟု ပြောသည်။

ထို့ပြင် အသက် ၃၅ နှစ်အောက် အမျိုးသားများကို စစ်မှုထမ်းစာရင်း ပေးသွင်းထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီး အသက် ၃၅ နှစ်အောက် ရှိသူများကို နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် ကန့်သတ်ထားသည်ဟု မြို့ခံများက ဆိုသည်။

အသက်အရွယ် ကြီးသူများကိုမူ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရှိသည်။

အမျိုးသမီးများကိုမူ ပြည်ပသို့ သွားရောက်မည့် အသေးစိတ် အချက်အလက်များကို စစ်ဆေးမေးမြန်းပြီးမှ ထုတ်ပေးသဖြင့် နိုင်ငံကူးလက်မှတ် ရရှိသူများ ရှိသကဲ့သို့ မရရှိသူများလည်း ရှိနေသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို တစ်ပတ်လျှင် လူ ၃၀ ဦးနှုန်းဖြင့် လွှတ်တော်ရုံး၌ ဝန်ကြီး၊ ဒေသကွပ် ကဲမှုစစ်ဌာနချုပ် (ဒကစ) တာဝန်ရှိသူများနှင့် ရဲမှူး အပါအဝင် တာဝန်ရှိသူ ၅ ဦးက အင်တာဗျူး မေးမြန်းပြီးမှ ထုတ်ပေးခြင်းဖြစ်သည်။

အလှည့် အမြန်ရောက်ရှိစေရန် ကြားခံပွဲစားများကို ကျပ် ၃ သိန်းမှ ၅ သိန်းအထိ ပေးဆောင်၍ ပြုလုပ်နေကြရ သည်ဟုလည်း မြို့ခံများက ပြောသည်။

နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူ တစ်ဦးက “ကျနော်ကတော့ ရဲကို ငွေ ၁ သိန်း ပေးလိုက်တယ်။ အင်တာဗျူးမှာတော့ ၃၅ နှစ်အောက်မို့ Passport မရခဲ့ဘူး” ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။

တရားဝင် နိုင်ငံကူးလက်မှတ် ဝန်ဆောင်ခမှာ ကျပ် ၆ သောင်းခန့်သာ သတ်မှတ်ထားသော်လည်း လွိုင်ကော်မြို့ တွင်မူ သတ်မှတ်နှုန်းထားထက် ပွဲစားခနှင့် အခြားသော ငွေကြေး အပိုဆောင်းများကိုပါ ပေးချေနေကြရသည်။

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...