မင်းတုန်း သဖန်ရောင်ကျေးရွာအနီးရှိ စစ်အုပ်စုတပ်စခန်းများ တိုက်ခိုက်ခံရ

မင်းတုန်း သဖန်ရောင်ကျေးရွာအနီးရှိ စစ်အုပ်စုတပ်စခန်းများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တပ်စွဲ နေရာယူထားသော စစ်အုပ်စုတပ်၏ စခန်းများကို အာရက္ခတပ်တော် (AA) ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့ များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

မင်းတုန်းဒေသခံ အမျိုးသားတစ်ဦးက “ဩဂုတ် ၂၄ ရက်နေ့က ဒရုန်းလက်နက်ကြီးတွေနဲ့ သူတို့စခန်းချထားတဲ့ နေရာတွေကို တိုက်ခိုက်တယ်။ စကစဖက်က အထိအခိုက်ကျဆုံးတွေရှိတယ်” ဟု ပြောသည်။

ရခိုင် (အာရက္ခ)ပြည်သို့ ထိုးစစ်ဆင်ရန် တက်လာသော စစ်အုပ်စု စစ်ကြောင်းသည် ရိုးထက်ပေါ်တွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲ၌ အကျအဆုံးများသဖြင့် နောက်ဆုတ်ခဲ့ရပြီးနောက် မင်းတုန်းမြို့နယ်ရှိ သဖန်ရောင်၊ ဝက်ကော်နှင့် ပြောင်ကျေးရွာ ပတ်ဝန်းကျင်တို့၌ တပ်စွဲနေရာယူထားစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်အုပ်စုတပ်က တပ်စွဲထားသည့်အတွက် သဖန်ရောင်၊ ဝက်ကော်၊ ပြောင် စသည့် ကျေးရွာများ အပါအဝင် အနီးအပါးရွာများမှ ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

အာရက္ခတပ်တော်နှင့် စစ်အုပ်စုတပ်တို့အကြား အမ်းမြို့နယ် တလိုင်းတောင်နှင့် မင်းတုန်းမြို့နယ် သဖန်ရောင် ရိုးတောင်ကျော်လမ်းတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ကုန်သည်များနှင့် ခရီးသွားများ သွားလာရေး သတိပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။

“အခုက စကစဟာ အင်အားသုံး ထိုးစစ်ဝင်နေတယ်။ အဲ့ဒီလမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာ တွေ ရှိတယ်။ နောက်ပြီး စကစဟာ လူသိတဲ့ လမ်းမဟုတ်ဘဲ တခြားဖက်တွေကလည်း ရိုးထက်ဖောက်တက်နေ တယ်။ ခရီးသွားတွေက အသွားအလာ ဆင်ခြင်ဖို့လိုတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်အုပ်စုတပ်သည် သဖန်ရောင်နှင့် တလိုင်းတောင်ကျော်လမ်းသို့ စစ်ကြောင်းထိုးစဉ် လေကြောင်းမှ ကင်း ထောက်၍ ဂျက်တိုက်လေယာဉ်များ၊ Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ - Crd

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...