ရခိုင်တွင် ငွေသားပြတ်လပ်ပြီး ငွေထုတ်ခဈေးနှုန်းများ မြင့်တက်

ရခိုင်တွင် ငွေသားပြတ်လပ်ပြီး ငွေထုတ်ခဈေးနှုန်းများ မြင့်တက်

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး ငွေထုတ်ခဈေးနှုန်းများ မြင့်တက်လာနေကြောင်း ငွေလွှဲငွေထုတ် လုပ်ကိုင်သူများနှင့် ဒေသခံများက ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ သံတွဲ စသည့်မြို့နယ်များတွင် ငွေတစ်သိန်း လျှင် ငွေထုတ်ခ ဈေးနှုန်း ၅,၅၀၀ ကျပ်နှင့် ၇,၀၀၀ ကျပ်ကြားတွင် ရှိနေခြင်း ဖြစ်သည်။

မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “ငွေက ရှာလို့မရတဲ့ အခြေအနေတွေတောင် ရှိတယ်။ ထုတ်ခဈေးတက် တာလည်း မပြောနဲ့၊ ငွေသားမရှိလို့ တချို့ ငွေလွှဲငွေထုတ်ဆိုင်တွေတောင် ရပ်ထားကြတာတွေ ရှိတယ်” ဟု ပြော သည်။

မင်းပြားနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ငွေတစ်သိန်းလျှင် ထုတ်ခဈေးနှုန်း ၆,၀၀၀ ကျပ်အထိ မြင့်တက်နေပြီး ကျောက်တော်တွင် ငွေတစ်သိန်းလျှင် ထုတ်ခဈေးနှုန်း ၅,၅၀၀ ကျပ်၊ ရသေ့တောင်၊ သံတွဲ၊ ဂွမြို့နယ်တို့တွင် ငွေတစ်သိန်းလျှင် ထုတ်ခဈေးနှုန်း ၇,၀၀၀ ကျပ်နှင့် ၇,၅၀၀ ကျပ်အထိ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လက ရခိုင်တွင် ငွေသားထုတ်ခဈေးများအဖြစ် ငွေတစ်သိန်းလျှင် ၄,၀၀၀ ကျပ်နှင့် ၅,၀၀၀ ကျပ် ကြားတွင် ရှိခဲ့ပြီး မြို့နယ်အချို့တွင်သာ ၆,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ငွေသားရှားပါးခြင်းကြောင့် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်း လုပ်ကိုင်သူအချို့မှာ လုပ်ငန်းများ ယာယီရပ်နား ထားသည့် အခြေအနေများလည်း ရှိနေသည်။

လက်ရှိတွင် ငွေသားရှားပါးလာခြင်းမှာ ရခိုင်ကုန်သည်များ ကုန်သွယ်မှု နည်းပါးလာခြင်းကြောင့် ဖြစ်ကြောင်း ငွေလွှဲငွေထုတ်လုပ်ကိုင်နေသူများက ရှင်းပြသည်။

ကျောက်တော်မှ ငွေလွှဲငွေထုတ်လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက “ဈေးတက်လာတာကတော့ မိုးရာသီဆို တော့ ကုန်သည်တွေ လမ်းအဆင်မပြေတာကြောင့် ပိသာဈေးတက်လို့ ကုန်အချနည်းတယ်။ ကုန်လမ်းကြောင်း ကုန်အချနည်းတော့ ငွေလွှဲငွေထုတ် နည်းလာတယ်။ အဲဒါကြောင့် ငွေရှားပြီး ငွေထုတ်ဈေး တက်သွားတာ” ဟု ပြောသည်။

ယခုကဲ့သို့ ငွေသားရှားပါးမှုနှင့် ငွေထုတ်ခဈေးများ မြင့်တက်နေမှုသည် လက်ရှိ ရေကြီးရေလျှံမှုကြောင့် အကူအညီ လိုအပ်နေသည့် ရေဘေးသင့်ပြည်သူများကို ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက ကူညီထောက် ပံ့ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်စေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ အာရက္ခတပ်တော် (AA) ထိန်းချုပ် ရာ မြို့နယ်များတွင် ဘဏ်လုပ်ငန်းများ အားလုံးရပ်နားထားခဲ့ရပြီး Kpay၊ KBZ Banking၊ WavePay စသည့် အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကိုသာ အဓိက အသုံးပြုနေရခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...